🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part_18ညနေခင်း လေကတဖြူးဖြူးလေးနဲ့မို့ညို ဝရံတာမှာထွက်ကာလေညှင်းခံဖို့ထွက်လာစဥ် အိမ်ရဲ့မလှမ်းမကမ်းကနေ ရပ်ထားတဲ့ကားကြောင့်ညိုစိတ်တွေ အုံ့မှိုင်းသွားတော့သည်.....
မောင်က အခုတလော ဒီလိုညနေစောင်းဆိုလာတတ်သည်..သုခမင်းဇော်ကားကိုတွေ့ပြီး တစ်ခုခုပြသနာတက်မှာကိုညိုစိုးထိပ်မိကာ အိမ်ထဲပြန်ဝင်ကာ ၀ရံတာတံခါးပိတ်ကာနေလိုက်တော့သည်....
ကံကောင်းတာက မောင်က ဒီနေ့ ညနေပိုင်းလာမတွေ့အားလို့ ညမှသာခဏလာတွေ့မယ်ဆိုတာကြောင့် ညို့မှာ သက်ပြင်းချနိုင်တော့သည်...
သုခမင်းဇော်ရယ် ဘာဖြစ်ချင်နေတာလည်း ညို ရှင်တို့မိသားစုနဲ့တစ်စက်လေးတောင် မပက်သက်ချင်တော့ဘူး......
_
_
_
_
_"မောင်ကလည်း လက်ကတော်တော်ကောင်းနေပြီဟာကို ညိုသဘန်ခါတော့ အလုပ်ပြန်ဆင်းတော့မယ် ပျက်ရက်တော်တော်များနေပြီ"
"ဖြစ်နိုင်ရင်မောင်က ညို့ကိုဘာမှပေးမလုပ်ချင်ဘူး အိမ်မှာအေးဆေးနေပါလားညိုရယ် မောင်အားလုံးတာဝန်ယူတယ်"
"ညိုလက်ခံမယ်လို့ထင်လား"
"မောင်ကိုချစ်ရင်မောင်ပြောစကားနားထောင်ပါလား"
"မောင်ကိုချစ်တာနဲ့ မောင့်ကိုမှီခိုလိုက်ရမှာ မတူဘူးမောင် မောင်ကိုချစ်တာကသက်သက် ညိုလမ်းညိုလျှောက်နေတာကသက်သက် "
"ညို ကလည်းကွာ မောင်က ညိုပင်ပန်းတာမကြည့်ရက်တာ "
မောင်စေတနာကိုညိုနားလည်တာပေါ့ ဒါပေမယ့် ညိုဟာကိုယ်လမ်းကိုဖောက်ပြီးလျှောက်ရတာကိုပိုနှစ်ခြိုက်တယ် ပထမအိမ်ထောင်တုန်းက သူတို့ပေးတာယူကျွေးတာစား မျက်နှာကြည့်ကြည့်နေရတဲ့သိမ်ငယ်မှု အားငယ်မှုတွေကို နောက်တစ်ခါဘယ်သောအခါမှမခံစားချင်တော့ပါ ခွာညိုသင်းရနံ့ဆိုတာ ဘယ်သူအကူအညီမှမပါလည်း ကိုယ်ဝမ်းကိုယ်တော့ကျောင်းနိုင်ရမည်......
"မောင် စေတနာကို ညိုနားလည်ပါတယ် ဒါပေမယ့် လက်မခံဘူးမောင်"
မမက ခေါင်းမာနေတာမို့ ဇာမဏီလည်း သက်ပြင်းခပ်လေးလေးသာချလိုက်ကာ ဆက်မပြောတော့ပေ ညိုကိုမှသူအလုံးစုံမပိုင်သေးတာ ရှိစေတော့......

VOCÊ ESTÁ LENDO
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...