🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~
Part _ 5ညို ဦးဆန်းထူးနဲ့မကွာရှင်းခင် ၃ရက်အလိုမှာ မိဘအိမ်ကိုပြန်ကာ ကွာရှင်းတော့မယ်ဆိုတာအသိပေးခဲ့တယ် ...
ညိုအိမ်ထောက်ကျခဲ့စဥ်တစ်လျှောက်လုံး အဲ့အိမ်မှာဘာတွေဖြစ်နေလဲ ဘယ်လိုခံစားနေရလဲဆိုတာ မေမေကိုကော တီလတ်ကကိုပါမပြောပြဖြစ်ခဲ့ပါ....
အခုမှ ပထမဆုံးအကြိမ်ပြောပြကာ ကွာရှင်းတော့မယ့်အကြောင်းကိုပြောလိုက်တော့ မေမေနဲ့ တီလတ်က ခါးခါးသီးသီး....."သူ့ဘက်ကဖွင့်ပြောလာလို့ ညိုကကျေးဇူးတင်နေတာ တီလတ် ညိုအရမ်းမွန်းကြပ်နေပြီ ညိုလည်းကွာရှင်းချင်တယ်"
"ဟဲ့ လူကောင်းသူကောင်းလေးကို ညည်းမို့ကွာမယ်ပြုမယ်နဲ့အေ"
မှန်ပါတယ် ဦးဆန်းထူးဟာ လူကောင်းပါ အရက်မသောက်ဖဲမရိုက်အလောင်းအစားမရှိ အလုပ်သာလုပ်ပေမယ့် အိမ်ထောင်ဖက်ကောင်းတော့မဟုတ်ပါ.....
ညိုအမြဲ ဦးဆန်းထူးကို ကောင်းတဲ့စိတ်နဲ့မြင်ပေးခဲ့သည်....
ဒါပေမယ့် သုခမင်းဇော်နဲ့ ထိပ်တိုက်မဆုံချင်တော့လို့ အိမ်ခွဲဖို့ပြောတဲ့ကိစ္စမှာ ငြင်းတည်းက သူ့ကိုညို စိတ်ပျက်လာမိသည်....
အဆိုးဆုံးကတော့ သုခမင်းဇော်က ညိုကို ထိပါးနေတဲ့အချိန် သူမျက်စိနဲ့တပ်အပ်မြင်တာတောင် သူ့တူမို့ သူဟာရပ်တည်ပေးခဲ့တယ် ညိုရဲ့ခံစားချက်ကိုတစ်စက်လေးမှ နားမလည်ပေးဘဲ သူ့ဆွေမျိုးဘက်ကရပ်တည်ပေးတဲ့ဦးဆန်းထူးအောင်ကို ညိုဘယ်လိုမှ အိမ်ထောင်ဖက်အဖြစ် တွယ်ကပ်မနေချင်တော့ပါ....."မေမေတို့ မျိုးရိုးထဲမှာ တစ်ခုလပ်မရှိဘူး ညို သမီးအိမ်ထောင်ရေးကို သမီးထိန်းပါ ကွဲဟယ်ကွာဟယ်နဲ့ ဒီအိမ်ကို အထုတ်ဆင်းပြီးရောက်လာပြီရဲ့ ရပ်ကွက်ထဲက ဘာပြောကြမလဲ ညို စဥ်းစားမိရဲ့လား စံပယ်လှိုင်သမီးတော့ အကွာခံလိုက်ရပြီ လင်ပစ်မ တစ်ခုလပ်မ ဒီကြားထဲ ညိုအိမ်ထောင်သက်၂နှစ်ကျော်မှာကလေးမရလို့ ပစ်ခံလိုက်ရပြီ ဒီလိုအတင်းတွေအဖျင်းတွေ မေမေတို့က ခံရမှာလား"
သြော် မွေးသမိခင်က ဒီလိုဖြစ်နေမှတော့ ညိုလည်းတစ်ခုခုစီစဥ်ဆုံးဖြတ်ရတော့မှာပေါ့.......
_
_
_
_
_
ညိုဆုံးဖြတ်လိုက်တာကအခြားတော့မဟုတ် ကွာရှင်းပြီးတာနဲ့ မိဘအိမ်မပြန်ဘဲ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ဆုံးဖြတ်လိုက်တော့သည်....
![](https://img.wattpad.com/cover/317730777-288-k994828.jpg)
YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...