🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _41"မောင် ညကပြောတော့ စောစောလေး နှိုးဆို "
"ထတော့လေ"
"အင်း ၅မိနစ်ပဲ "
"၅မိနစ်ပြည့်ရင် ညိုပြန်နှိုးမယ်နော် "
"အွန်း"
၅မိနစ်အတွင်း အခန်းတွင်းလုပ်စရာရှိတာကိုလုပ်ဖို့ ညိုကုတင်ပေါ်ကပြန်ထဖို့လုပ်တော့ ညို့လက်တစ်ဖက်ကို မောင်က ဆွဲထားကာသူ့ရင်ဘတ်ဆီကပ်ထားလေသည်...
၅မိနစ်ဆိုတော့လည်း ညိုလည်းအတင်းမရုန်းတော့ ကုတင်ပေါ်ပြန်ထိုင်လိုက်ကာ စောင်ပုံကြားထဲကခွေခေါက်အိပ်နေတဲ့ မောင်ဆံပင်လေးတွေကို သပ်တင်ပေးလိုက်လေသည်....
မောင်ဆံပင်တွေတောင်အရင်လို Colourတွေနဲ့မဟုတ်တော့ပဲ အနက်ရောင်ဖြစ်နေပြီဖြစ်သည်..မောင်ကြိုက်ရင်ဆိုးပါ ညိုကမောင်ဘယ်လိုနေနေကြိုက်တယ် ပြောလိုက်တော့ ...
"မောင်က ကလေးအဖေဖြစ်နေပြီဗျ နည်းနည်းတော့ပုံစံပြောင်းရတော့မယ်" တဲ့လေ ...
ချာတိတ်လေးစတွေ့တုန်းကဆို မောင်ဟာတကယ့်ကို ကလေးလေးပုံစံ နုနုနယ်နယ်လူပျိုပေါက်လေး...
အခုတော့ ညိုရဲ့ အိမ်ထောင်ဦးစီး သားလေးရဲ့ ဖေဖေ မောင်ဟာ ညိုတို့သားအမိအတွက်ကတော့ တကယ့်ကို အားကိုးကြည်ညိုဖွယ်ရာကောင်းတဲ့ အမျိုးသားလေးတစ်ယောက်ပါပဲ....."မောင် ငါးမိနစ်ပြည့်ပြီလေ ထတော့ "
"မြန်လိုက်တာကွာ ငါးမိနစ်ကလည်း"
"အဟင်း ညိုအောက်ဆင်းတော့မယ် မောင်ထတော့နော် ပြန်မအိပ်သွားနဲ့တော့ "
"ပြန်မအိပ်စေချင်ရင်နမ်းသွား "
"မောင်ကတော့လေ "
သွားတွေပေါ်အောင်အထိညိုပြုံးလိုက်ကာ မောင့်ပါးလေးကို နှာခေါင်းနဲ့နှုတ်ခမ်းဖိကပ်ပြီးနမ်းလိုက်လေတော့သည်....
ဘေးက သားကို စောင်သေချာပြန်ခြုံပေးကာ အောက်ဆင်းလာလိုက်တော့သည်...
_
_
_
_
_
ဒီမနက် Breakfastကတော့ ညက ထုတ်ထားတဲ့ကြက်သားကို ဆီသတ်ပြီး နို့စိမ်းခေါက်ဆွဲချက်မည်ဖြစ်သည်...
YOU ARE READING
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romanceတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...