Part _29

14.9K 639 51
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~
Part _29

လေးလံသောမျက်ခွံတွေကိုမနည်းအားယူကာဖွင့်လိုက်ချိန်မှာ ရင်းနှီးနေသောမျက်နှာကျက်ကိုတွေ့လိုက်ရတာမို့ ညိုစိတ်တွေပေါ့ပါးသွားခဲ့လေသည်...ဒါဆို ညိုက အိမ်မက်ဆိုးတွေ မက်နေခဲ့တာလား....
အိမ်မက်ဆိုးရယ်လို့လည်းပြောလို့မရအောင်တကယ်ဖြစ်ပျက်ခဲ့တာသိနေတာမို့ ခန္ဓာကိုယ်ကိုအားယူကထလိုက်တော့သည်....

"ဟင်  ညို သတိရပြီလား"

"အတည်...အတည်ဘာမှမဖြစ်ပါပါဘူးနော်"

လင်းရဲ့ခန္ဓာကိုယ်ကို စုန်ဆန်ကြည့်ကာ ညိုကစိတ်ပူနေလေသည်...

"လင်း ဘာမှမဖြစ်ပါဘူး  ညိုရဲ့ "

ညိုကအောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာမျက်ရည်တွေဝဲရင်းတော်ပါသေးရဲ့တဲ့ရေရွတ်လေသည်...
ထို့နောက် ညိုမျက်လုံးက တံခါးပေါက်ကိုသာငေးနေလေသည်..ညိုဘယ်သူ့ကိုမျှော်နေလဲ လင်းသိတာပေါ့...

"အတည်  ..မောင်..မောင်ရောဟင်"

ညို မေးလာချိန် လင်းမှာဘယ်လိုဖြေရမလဲမသိတော့ပါ..

"သြော်  အင်း သူအလုပ်မအားလို့နေမယ်"

"ဟုတ်လား"

ညိုတစ်ခုခုဖြစ်ရင် အနားမှာ အမြဲရှိနေတတ်သောမောင်ကို မတွေ့ရတာမို့ ညို့စိတ်ထဲ လေးတွဲကာ
ပြည့်ကျပ်နေသကဲ့သို့ခံစားရသည်...

"အတည် ညိုဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"

"သြော်   အင်း ဇာမဏီပဲလာပို့သွားတာလေ "

မောင့်ကို လွမ်းတာက ဘယ်တုန်းကမှ မလွမ်းဖူးတဲ့အခြေအနေမျိုးကြီးနဲ့လွမ်းနေသလိုမျိုးကြီးခံစားနေရတာမို့ "မောင် ဘာလုပ်နေလဲ"ဟု Messageပို့လိုက်ပေမယ့် တစ်နာရီကြာသွားသည့်အထိ မောင့်ဆီကနေ replyပြန်မရခဲ့ပါ...
တစ်ခါမှ မောင့်ကိုဆို တီတီတာတာမပြောဖူးခဲ့တဲ့ ညိုဟာ ဒီနေ့မှ ခါတိုင်းထက်သိသိသာသာပိုလွမ်းနေတာမို့ "မောင့် ကို လွမ်းတယ်" ဟု စာပို့လိုက်သော်လည်း အချိန်တစ်ခုကြာသည့်အထိ replyပြန်မရခဲ့ပါ....

မောင်အလုပ်ရှုပ်ရင်လည်းရှုပ်ပါစေတော့မောင့်အသံကိုမှမကြားရရင်ညိုရူးသွားနိုင်လောက်တာမို့ မောင့်ဖုန်းကိုဆက်နေပေမယ့် တူ တူမြည်သံရဲ့အဆုံးမှာ ကိုင်မယ့်သူရှိမလာခဲ့ပါ....
ထိုညက အတည်က ညိုအိမ်မှာ အိပ်မယ်ဆိုပြီး အတူအိပ်ကာ ညိုကတော့ ဖုန်းလေးတကိုင်ကိုင်နဲ့ မောင်ဆက်သွယ်လာမှာကိုစောင့်နေမိခဲ့လေသည်...
မနက်ဝေလီဝေလင်းအချိန်ကိုသာ ရောက်လာခဲ့ပေမယ့် မောင့်ဆီကအဆက်အသွယ်မရောက်လာပဲ ညိုကသာ အိပ်စက်ခြင်းဆီရောက်သွားခဲ့တော့သည်...
_
_
_
_
_
_
တည်ငြိမ်လင်းသန့်နိုးလာချိန် ခွာညိုသင်းရနံ့ကအိပ်မောကျနေတာမို့ ဖုန်းလေးကိုကိုင်ကာ အသာလေးထွက်လာခဲ့လိုက်သည်..

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Tempat cerita menjadi hidup. Temukan sekarang