Part _44

15.2K 724 78
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~~
Part _44

"ရှင် ပြောလို့​ပြီးပြီလား ခွာညို "

"ဘာတွေ ဖြစ်နေကြတာလဲ "

"ဟင် ကိုကို "

နေ့လည်ဘက် အိမ်ခဏပြန်လာချိန်မှာ ကြားလိုက်ရသောစကားများကြောင့် ရာဇာစိတ်ညစ်သွားရလေသည်.......

"ဟို ဒီလိုပါ ကိုကိုရယ် ပြည့်ကလေ အဝတ်အစားတွေပုံထားမိတဲ့အထဲ အတွင်းခံလေးပါသွားတာပါ "

ရာဇာ ကြားသင့်သလောက်ကြားလိုက်တာဖြစ်လို့ ရှေ့က ခယ်မဖြစ်သူ ခွာညိုသင်းရနံ့ကို အားနာသလိုကြည့်ကာ ဇနီးဖြစ်သူကို မျက်ထောင့်နီဖြင့်လှမ်းကြည့်လိုက်လေသည်....
တစ်ခါဖူးမျှပြည့်ကို ဒီလို အကြည့်မျိုးဖြင့်မကြည့်ဖူးတဲ့ ကိုကိုကြောင့် ပြည့် ကျောချမ်းသွားရတာတော့အမှန်ဖြစ်သည်.....

"ကိုကို ပြည့်ကို အဲဒီလို မကြည့်ပါနဲ့ ပြည့်လည်း
ပြည့်ဝေဒနာနဲ့ ပြည့် "

ပြောလိုက်တဲ့ စကားကြောင့် ကိုကိုက ဘာဝေဒနာတွေများ ထွေထူး ခံစားနေရလဲဆိုတဲ့ မျက်နှာပေးဖြင့်ကြည့်လာတာကြောင့် ပြည့်သည် နှုတ်ခမ်းတစ်ဖက်ကို မဲ့ပြလိုက်ရင်း.....

"သူများ မိန်းမကိုပဲ အားနာနေ သနားမနေနဲ့ ကိုကို ကိုယ့်မိန်းမ ဘာဖြစ်နေလဲဆိုတာ ကိုကိုသိရဲ့လား "

ကိုကိုက ဘာများဖြစ်နေလို့လဲဟု ပါးစပ်ကထုတ်မပြောဘဲ မျက်ခုံးကြီးပင့်လာလေသည်....

"တို့ တမင်ရေသာခိုနေတာ မဟုတ်ဘူး ခွာညို တို့လည်း တို့အကြောင်းနဲ့တို့ပါ "

"ဒါပေမယ့် ကိုကိုကအစ ခွာညိုဘက်ပါပြီး တို့ကို မကြည်တာတော့ တို့တကယ်ဝမ်းနည်းတယ် "

ရွှန်းပြည့်သာပြောလိုက်တဲ့ စကားကြီးက နားထဲကြားရတာ အစဥ်မပြေပါ....

"ကိုယ်ခွာညို ဘက်ပါနေတာမဟုတ်ဘူး ပြည့် အခုချိန် အိမ်မှာနေတဲ့လူတွေက ကိုယ့်တာဝန်တော့ ကိုယ်ကျေစေချင်တာ "

"အင်းလေ ပြည့်လည်း ပြည့်ဝေဒနာပြည့်မို့ တာဝန်တွေလစ်ဟင်းနေရတာပေါ့ "

"ကဲ ပြောပါဦး ပြည့်ရယ် ဘာဝေဒနာများပါလိမ့် "

"ပြည့်မှာ ကိုယ်ဝန်ရှိနေပြီ "

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now