🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~~~
Part _16"ရနံ့"
"ရနံ့"
"နင် ဖယ် ငါ့အသားလာမထိနဲ့"
"sorry ရနံ့ရာ ကိုယ်တမင်လုပ်တာမဟုတ်ဘူး လက်ကောက်ဝတ်တော်တော်နီနေတယ်ရနံ့ ဆေးရုံသွားရအောင်"
"နင် ငါ့အနားကထွက်သွား သုခမင်းဇော်"
"ကတိပေးတယ် ရနံ့ မင်းကိုဘာမှမလုပ်ဘူး ဆေးရုံပို့ပေးမယ်"
"မလိုဘူး"
"ရနံ့"
"မလိုဘူးလို့ပြောနေတယ်လေ "
"သမီးညို အကြီးလိုက်ပေးမယ် လာ လက်ကဘာဖြစ်သွားလဲမသိဘူး သူ့ကြောင့်ဖြစ်သွားတာဆိုတော့ သူတာဝန်ရှိတယ် ကဲ..ကောင်လေး နီးစပ်ရာဆေးရုံလိုက်ပို့ "
"မဟုတ်ဘူး အကြီး ညိုဘာသာ"
"ရနံ့ခေါင်းမမာနဲ့ တက်ကားပေါ်"
"လာပါ သမီးညို အကြီးရှိတယ် လာ"
ဒါဆို အကြီးက ညိုနဲ့သုခမင်းဇော်ဖြစ်ပျက်နေတာကို အစအဆုံးမြင်လိုက်တဲ့ပုံပဲ...ရှက်လိုက်တာ ဘယ်လိုပဲကိုယ့်ဘက်ကလိပ်ပြာလုံလုံ ဒီလိုမျိုးယောကျာ်းတစ်ယောက်နဲ့ဇာတ်လမ်းရှုပ်နေတယ်ထင်သွားမှာညိုအရမ်းစိုးရိမ်မိပါသည်....
မောင်ရော မောင်ကောသိသွားရင် ဘယ်လိုလုပ်မလဲ.....
_
_
_
_
_
"ဟယ်လို ညို ဖုန်းကိုင်တာကြာလိုက်တာ မောင် ညိုအိမ်ရှေ့မှာ တံခါးပြီးပိတ်ထားတယ် ညိုမရှိဘူးလား""အင်း ညိုအပြင်မှာ မောင် အလုပ်လေးရှိလို့"
"ဘယ်မှာလည်း ညို မောင်လာခေါ်မယ်လေ"
"မခေါ်နဲ့မောင် ညိုကြာအုံးမယ် နောက်နေ့မှတွေ့မယ်နော် ဒါပဲနော်"
ဆေးရုံမှာမို့ ညိုမောင့်ကိုလိုရင်းတိုရှင်းပြောကာဖုန်းချလိုက်သည်...မောင်သာသိရင်တအားစိုးရိမ်မှာအဲ့ကနေ သုခမင်းဇော်အကြောင်းတွေပါသိသွားရင်ပိုရှုပ်ကုန်မှာ မောင်နဲ့ညိုဘဝလေးကအေးချမ်းနေတာမို့ အရှုပ်တွေလည်းမဖြစ်စေချင်တာကညိုစိတ်ရင်းမှန်ပါ.....
ညိုက ကသိုက်ကရိုက်ဖုန်းချသွားတာမို့ ဇာမဏီစိတ်တွေအလိုမကျဖြစ်နေလေသည်....

KAMU SEDANG MEMBACA
🌻ဇာမဏီ၏ချစ်ပုံပြင်🌻
Romansaတစ်ခုလပ်ဟုတ်လား "မ" တစ်ခုလပ်ဖြစ်နေတာနဲ့ အဲဒီမိန်းကလေးကတန်ဖိုးမရှိဘူးလို့ ဘယ်ခွေး_ူတောင်းစားက မိန့်သွားတာလဲ....... ဘုန်းဇာမဏီသစ် တစ်ခုလပ်ဆိုတဲ့နာမ်စားဟာမိန်းမတစ်ယောက်အတွက် နာကျင်မှုတွေအတိတ်မှာမျက်ရည်များစွာပေးဆပ်ပြီးမ...