❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း-၁( စာမစစ်ထားဘူးနော်)
နေခြည်နုနုလေးတွေက အလင်းသစ်ဆိုတ့ဲ၅နှစ်သားလေးရဲ့ပါးပြင်လေးဆီကိုလာကစားနေသည်။
သစ်လည်းအိပ်ရာကထပြီးအခန်းပြင်ထွက်လိုက်ပြီး
Sky ကုမ္မဏီရဲ့ CEO ဉီးသစ်လွင်အခန်းဆီသို့ ၀င်လိုက်သည်။"ဖေဖေ "
"ဟော သားသားနိုးလာပြီလား"
"ဖေကြီးဆီလာပါအုန်း ..သားသားရဲ့"
"ဟော My babyတောင်နိုးနေပြီ"
"ဟုတ်တယ်မေကြီးရေ သားလေးကနိုးနေပြီ"
"သားသားကိုကစားကွင်းလိုက်ပို့"
"ဟင်"
မိဘ၂ပါးဆီမှအ့ံဩသံကအရင်ထွက်လာပြီးတယောက်နဲ့တယောက်ကြည့်နေကြသည်။
"မေကြီးရေ ဒီနေ့မေကြီးလိုက်ပို့လိုက်ပါလားကွာ"
"ဖေကြီးကလည်း ကျွန်မဒီနေ့မအားဘူးလေ ဪ ဧည့်သည်နဲ့ချိန်းထားလို့ ဖေကြီးပဲပို့လိုက်ပါ နော့်"
'ကိုယ်လည်းမအားဘူး ဒီနေ့ Meeting ရှိတယ်"
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လိုက်ပို့ခိုင်းနေတော့ သစ် စိတ်ညစ်မိသည်
ထိုစဉ္၀ယ် ......
"ညီမရှိတယ်လေ မမရယ်"
သစ်ရဲ့မေမေ ဒေါ်ပန်းလွှာရဲ့ ညီမဖြစ်သူ ဒေါ်ခင်ထားရဲ့အသံဖြစ်သည်။
"ညီမလေးလာလေ"
ဒေါ်ပန်းနုကချောသလောက် ဒေါ်ခင်ထားက ရုပ်ကြမ်းသည် ရုပ်ကြမ်းသာထက် စိတ်ကြမ်းသာကပိုဆိုးသည်
ကြမ်းမှာပေါ့ မေမေနဲ့အန်တီက ညီမအရင်းမဟုတ်ဘူးလေ
ဖအေတူအမေကွဲတွေပေါ့ ဒါကို ၅နှစ်သား သစ်အဖို့နားမလည်ပါဘူး"အမနဲ့အကိုမအားရင် ညီမက ပို့ပေးမယ်လေ နော့် သစ်လေး"
"ဟုတ်အန်တီ"
သစ်လည်းအန်တီနဲ့ထွက်လာပြီးကစားကွင်းထဲပြေး၀င်မိသည်။
"သစ် ဒီမှာနေအုန်းနော်သား"
"ဟုတ်"
"အန်တီ သားအတွက်ရေခဲမုန့်သွားယ်အုန်းမယ်"