❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၂
စျာပနအခမ်းအနားတွင် အော်သံငိုသံတို့ ဖုံးလွမ်းနေသည့်ကြားမှ သစ်ဆိုတဲ့ ကလေးငယ်တယောက်ငိုရလွန်းလို့အံကြိတ်ထားမိသည်။
"ဖွားမြေးသစ်လေး ..ကံဆိုးတာကွယ် ငါ့မြေးလေးမှဒီလိုအဖြစ်မျိုးကြုံရတယ်လို့"
ငိုရင်းပြောနေေသာ သစ် ဖေဖေရဲ့အမေဖြစ်သူဒေါ်ဉမ္မာ။
"အန်တီထားလည်းရှိတယ်နော်သစ်လေးအားမငယ်နဲ့
သိလား အန်တီထားကကာကွယ်ပေးမှာနော့်သားသား"ဟန်ဆောင်မျက်ရည်တွေကျပြကာ ကလေးငယ်ဆီက အမှတ်ယူနေသည်။
စျာပနပြီးတော့......
"ဖွား သားဖွားနဲ့နေချင်တယ်....ဟင့်""မငိုပါနဲ့ ငါ့မြေးရယ် နေရမှာပေါ့ မငိုနဲ့တိတ်နော် သား"
'အန်တီထားနဲ့နေပါ သားရယ် "
ဒေါ်ခင်ထား၀င်ပြောမှဖြစ်မည်လေ နောက္မို့ဆို သစ်လေးသာသူ့ဖွားနဲ့နေရင် သူ့အစီအစဉ္ တွေပျက်ကုန်မှာပေါ့
"မနေဘူး ..သားသားဖွားနဲ့ပဲနေမှာ"
"သားသားရယ် ဖွားကအသက်ကြီးပြီလေသားရဲ့ သားသားဆိုးတာဘယ်ခံနိုင်ပါ့မလဲနော့် အန်တီထားနဲ့ပဲနေနော် လိမ္မာပါတယ်"
"လိမ္မာဘူး ဆိုးတယ် အန်တီနဲ့နေဘူးဆို ...ဟင့် ဖွား သားလေမဆိုးပါဘူးနော်ဖွားနဲ့ပဲနေချင်လို့ပါ"
"အေးပါကွယ်...ငါ့မြေးငါမွေးမယ် "
"ဒါမ့ဲ အဒေါ် ကျွန်မအစ်မက သူ့သားလေးကို ကျွန်မနဲ့ပဲရှိစေချင်မှာပေါ့"
"ဟ့ဲ ငါ့လည်းသူ့ဖွားအေ အရင်းပါဟယ် ငါ့မြေးငါမသတ်ပါဘူး"
ထိုစကားကြောင့် ဒေါ်ခင်ထားစိတ်ညစ်သွားသည်။
"ပြီးရော ..သားသား ဖွားနဲ့မနေချင်တော့ရင် အန်တီဆီပြန်လာနော်"
"လာဘူး .. ဘယ်တော့မှလာဘူး"
နှာခမ်းဆူကာရန်တွေ့နေသောသစ်ကိုဒေါ်ခင်ထားမျက်စောင်းထိုးမိသည်။
" ဒါဆိုအန်တီလည်း အပေါ်ထပ်တက်တော့မယ်"