❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၅၁
နောက္နေ့မှာတော့ ကလေးငယ်လေးကို ကျောင်းသို့ပို့ရန်ပြင်ဆင်နေသည်။
မှာတမ်းချွေရတာလည်းအလုပ္တစ်ခုဒီကလေးသာသူ့ဆီကထွက်ပြေးသွားရင် သူရင်ကွဲပြီးသေနိုင်တဲ့အင်အားရှိတယ် ဒါကြောင့်နားတညီးပြောနေရသည်။"သိပါပြီဗျာ ခင်များကလည်းအမေအိုကြီးကျနေတာပဲမှာလို့ကိုမပြီးဘူး"
"စိတ်ပူလို့ပါ ကလေးငယ်ရယ် အထိခိုက္မခံနဲ့နော်
တစယောက်ယောက်အနိုင်ကျင့်ရင် ချက်ချင်းပြော
တစ်ချက်ချရင် ကိုယ်က၂ချက်ပြန်ချ ကိုကိုရှင်းမယ်
သိလား ကလေးသာ အထိအခိုက္မခံနဲ့နော်""ခုမှမူကြိုသွားတာကျနေတာပဲ စိတ်ချကိုယ့််ကိုမရိုက်ခင် ကိုယ်ကဉီးအောင်ဆော်မှာ"
"ဒါပေါ့ ကလေးရဲ့ "
"Hello ဒိုင်ယာ ဖုန်းဆက်ရတယ်ဆိုတော့ ဘာကိစ္စ"
"လွန်းရယ် တစ်ခုအကူအညီတောင်းမလို့ပါ ကူညီပါနော်"
"အချင်းချင်းတွေကို မလိုပါဘူးဟာပြောသာပြော"
"ငါ့ညီမလေးကို ကျောင်းပို့ပေးပါလား ငါမအားလို့ဟ
အရေးကြီးကိစ္စရိှလို့""ဒါလေးများ ရတယ် ငါအခု ဒေလီယာလေးကိုလာခေ့ါ်လိုက္မယ် "
"အေးအေး ကျေးဇူးကမ"
"ကျေးဇူးက ပြုတ်စားလို့မရဘူး!
"အေးပါ ညနေတွေ့မယ်!
လွန်းလည်း ဒေလီယာလေးကို ခေါ်ကာ ကျောင်းသို့လိုက်ပို့ပေးခဲ့သည်။
ဒေလီယာလေးက အခုမှ ဒုတိယနှစ်ဆိုတော့ လူငယ်ပီပီလွတ်လွတ်လပ်လပ်နေထိုင်သည်။သူကျောင်း၀န်းထဲမရောက်တာကြာလို့ ဟိုဒီေ၀့ရှာကြည့်တော့ ရှေ့မှာ သူမြင်ဖူးနေကျ ကားအနက်တစ်စီး။
"ကိုမာန့်ကားပဲ ကိုမာန်ကျောင်းကိုဘာလာလုပ်တာလဲ ကိစ္စရှိလို့လား လာလှူတာလား"
အတွေးများနေစဉ္မှာပဲ ကားပေါ်ကဆင်းလာတဲ့ ပုံရိပ်ကြောင့်ဆွံ့အသွားသည်။