❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၅
ကိုကိုနဲ့ခဲွရတာ ခုဆို ၁ပတ်ကျော်ပြီအခုထိ သစ်လေး ကိုကိုလာရာလမ်းလေးကို စောင့်နေမိတုန်း...
တစ်ဖက်နိုင်ငံမှာလည်း စင်ကာပူစရောက်တ့ဲနေ့တည်းက ရယ်ခြင်းပြုံးခြင်းမရှိတ့ဲမူလပုံစံပြန်ဖြစ်သွားတ့ဲ နေမင်းရန်........
ထမင်းစာချိန်ရောက်တော့.....
"သစ် ထမင်းသွားစားကြမယ်လေဟာ.."
"သားမစားချင်သေးဘူးမိဖူး"
"နင်နေမကောင်းဖြစ်မယ် ပြီးရင်လာနော်"
"ဟုတ် "
မိဖူးလည်းခေါ်လို့မရတ့ဲသစ်အားထားခ့ဲပြီး ထမင်းစားရန်ထွက်လာလိုက်သည်။
"မိဖူး သစ်မပါဘူးလား"
"ခေါ်လို့မရဘူး ကိုသော် မစားဘူးပဲလုပ်နေတယ်"
"အင်း..မိဖူးသွားစားနှင့်နော်"
"အင်း"
ကိုသော်လည်းသစ်ရှိရာသို့လာခ့ဲလေသည်။
"သစ်လေး..ဘာလို့ထမင်းစားတာလဲ"
ပြန်မဖြေပဲငို၍သာနေသောသစ်ကို အားမရဖြစ်လာကာ...
"မင်းကို ထားခ့ဲတ့ဲလူတစ်ယောက်ကိုတမ်းတမနေပါနဲ့တော့ အလင်းသစ်"
သစ်လည်းကိုသော်အားကြည့်လိုက်ပြီး...
"မင်းကိုမလိုချင်တော့လို့ထားခ့ဲတာလေ ဘာလို့သူ့ကိုစောင့်နေသေးတာလဲသစ်"
"ကိုကို့ကိုအ့ဲလိုမပြောပါနဲ့ ကိုသော် သူသစ်ဆီပြန်လာမှာ"
"ဒါမဲ့..."
"သစ်သူ့ကိုချစ်တယ် သူပြန်လာမှာ"
ပြောပြီးထထွက်သွားတ့ဲသစ်ကိုဘာမှမပြောပဲလွှတ်ထားလိုက်သည်။
"သစ် မင်းကိုငါချစ်မိနေတာကိုရောမင်းသိလားကလေးရာ"
တစ်ယောက်တည်းရင်ဖွင့်မိနေသည်။
"မင်းစိတ်ဆင်းရဲရင်ကိုယ်လည်းထပ်တူခံစားရတယ်သစ်ရယ်"
ညတစ်ညမှာတော့...
"မိဖူး သားရှူးပေါက်ဖို့လိုက်ပေးပါလား"
"သွားမယ်လေ"