❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း၄၀
ဆေးရုံသို့ လိုက်လာကြရန်ပြင်နေကြသော မိဖူးနဲ့ကိုသော်အား မလာကြရန်ပြောလိုက်သည်။
ဆေးရုံဆင်းချင်နေပြီဖြစ်တဲ့ ကလေးငယ်ကို ဘယ်လိုမှတားမရတော့။
ဆေးရုံမှ အိမ်သို့ရောက်ကတည်းက ကျောင်းတက်ရန် တစ်ကျက်ကျက် ပူဆာနေသည်။
"ကလေးရယ် အခုမှနေကောင်းတာလေ နားပါအုန်း"
"စာတွေနောက်ကျနေပြီ"
"ကဲမနက်ဖြန်သွားတက်နော် "
"အဲ့ကြောင့်ချစ်နေရတာ"
"ဒီအပြောတွေနဲ့ပဲ ကြွေအောင်သတ်နေ"
"ဘာမှမပြောတော့နဲ့"
"ဟုတ်ပါပြီ"
မနက်ဖြန်ဆိုတဲ့ သူမျှော်လင့်နေတဲ့နေ့ရက်လေးက
သူထင်သလိုပျော်စရာကောင်းပါ့မလား။"ကဲ ရောက်ပြီ ညနေလာကြိုမယ်နော် တစ်ခုခုဆိုဖုန်းဆက်"
"ဟုတ် "
"မိဖူးဂရုစိုက်ပေးနော်"
"အင်းပါ ကိုမာန်ရယ် အဖြစ်သည်းနေတာ"
"သည်းရမယ် ဒီတစ်ယောက်ပဲရှိတာကို"
"အမလေးနော်......"
"ကဲ ကိုယ်သွားပြီနော်"
"တို့လည်း အတန်းသွားတက်ကြမယ်"
"အလင်းသစ်"
"ဗျာ"
ဘယ်ချိန်ရောက်လာမှန်းမသိတဲ့ လွန်းကြောင့်
အံ့ဩသွားတဲ့ သစ်နဲ့မိဖူး။"အမလွန်း"
"သစ်နဲ့ စကားပြောချင်လို့ရလား"
"ဟူတ် ရပါတယ်"
"ငါလည်းလိုက္မယ် သစ်"
"အမက သစ်နဲ့၂ယောက်ထဲ ပြောချင်တာ ခဏလောက်ခွင့်ပြုပါ"
"မိဖူးကလည်း ခဏပဲဟာ စောင့်မနေနဲ့တော့နော် ရှေ့ကသွားနှင့်"
"ရဖို့လား"
"ရပါတယ် "
"ဒါဆိုငါ့ဖုန်းခဏတော့ယူသွားပေး ငါသီတာတို့နဲ့
ဘတ်တံ သွားရိုက္မလို့ပျောက်သွားမှာစိုးလို့"