❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၅၆
"ဟေ့ကောင်မာန် ငါခေါ်နေတာ ၁နာရီလောက်ရှိနေပြီ ဘာလို့ဖုန်းမကိုင်တာလဲ"
"ကလေးငယ် နေမကောင်းလို့ ဂျီကျနေလို့ပါဖေဖေရယ်"
"သားငယ်လေး နေမကောင်းဘူးလား "
"ဟုတ်တယ် ဖေဖေ "
"ဆေးခန်းပြပြီးပြီလား သေချာဂရုစိုက် ဟေ့ကောင်
ငါသာရှိနေရင်မင်းမလွယ်ဘူး""အမလေး ဖေဖေရယ် သားမှားနေတယ်နော်"
"မသိဘူး သားငယ်လေးကိုသေချာဆေးခန်းပြ"
"မနက်ဖြန်မသက်သာရင်ဆေးခန်းသွားပြမယ် ခုအိပ်နေတယ်"
"ငါပြောစရာရှိလို့"
*တော်သေးတာပေါ့ သတိရသေးလို့*
"ဟုတ်ဖေဖေ"
"ဉီးဂုဏ်ရည် စာရင်းချုပ်တွေငါရပြီ သူ့ကိုရှင်းဖို့ပါးပါးလေးပါသားရယ် မျက်စိတမှိတ်ပဲလိုတယ်"
"ဉီးအဂ္ဂ ငြိမ်နေတယ်ဖေဖေ ငြိမ်နေတဲ့ကျားက ပိုကြောက်ရတယ်ဖေဖေ"
"အင်း သတိကြီးကြီးထားပေါ့ အစစအရာရာမပေါ့နဲ့ မင်းလုပ်တဲ့အလုပ်က ရန်သူများတဲ့အရာပဲ "
"သားက ကလေးငယ်ကိုထိမှာဆိုးတယ် အဲ့တာမျိုးတာဆိုရင် ခွင့်လွှတ်နိုင်မယ်မထင်ဘူး"
"မပူပါနဲ့သား ဖေဖေလည်း ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး ဖေဖေ၀င်ပါရမယ့်အချိန်ကိုစောင့်နေတာပါ"
"ဟုတ်ဖေဖေ သားကျေးဇူးတင်ပါတယ် "
"မလိုပါဘူးကွာ ငါကသားငယ်လေးအတွက်လုပ်တာပါ"
"ဖေဖေကတော့ ဖောက်ပြီ တော်ပြီဖုန်းချလိုက်တော့မယ် ကလေးငယ်နိုးနေအုန်းမယ်"
"ဟုတ်ပါပြီ ငါ့သားငယ်လေးကိုသေချာဂရုစိုက်နော်"
"ဟုတ်ကဲ့ပါဗျ ဖေဖေရဲ့သားငယ်လေးကို မြတ်နိုးစွာဂရုစိုက်လိုက်ပါ့မယ်"
*အဲ့လိုရွဲ့လိုက်ရမှ*
ကလေးငယ် စားဖို့ဆန်ပြုတ်အားအလျင်မြန်ပင် ပြုတ်ခိုင်းလိုက်ရသည်။