❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၇
"သစ် စိတ်လှုပ်ရှားနေလား အလုပ်စလုပ်မှာဆိုတော့"
"အင်း နည်းနည်းပါ"
"အစတော့ဒီလိုပါပဲ နောက်တော့နေသားကျသွားမှာပါ"
"ဟူတ်"
"သွားကြမယ်"
သစ်လည်း ကိုမျိုးနိုင်နဲ့အတူအလုပ်သို့ထွက်သွားလေသည်။
နေ့ခင်းရောက်တော့.......
"သစ်.....ပင်ပန်းနေပြီလားကွ"
"မပင်ပန်းပါဘူးဗျာ့"
"မင်း မပင်ပန်းဘူးသာပြောတာ မင်းကြည့်ရတာ ချွေးတွေချည်ပဲ"
"မုန့်တွေလိုက်ပို့ရတော့ နည်းနည်းပင်ပန်းတာပါ"
"မင်းမနက်ဖြန်ကျောင်းစတက်ရတော့တယ်မလား"
"အင်း....ဒါနဲ့ကျောင်းတက်တော့ အလုပ်ကအဆင်ပြေပါ့မလား"
"အလုပ်ကိုတော့မပူနဲ့ ငါပြောပြီးပြီ မင်းကျောင်းဆင်းရင်လာလုပ်ပေါ့ သူဌေးကသဘောကောင်းပါတယ်ကွ"
"ကျေးဇူးပါကိုနိုင်မျိုးရယ်"
"မလိုပါဘူးကွာ သူငယ်ချင်းတွေပဲ"
နောက်နေ့ သစ်တို့တောင်မနိုးထသေးခင်မှာပဲ ကျေးငှက်ကလေးတွေက သံစဉ္တေးသီကျူးပြီးတာ၀န်ကျေပွန်နေပြီလေ.........
"သစ် ...မထသေးဘူးလား ကျောင်းသွားရမယ်နော် ငါအလုပ်သွားပြီ!"
"အင်း ..."
သစ် ရေမိုးချိုးပြီး အကြိုက်ဆုံးအရောင်လေးဖြစ်တ့ဲ အနီရဲရဲလေးကိုရွေးချယ်၀တ်ဆင်လိုက်တော့ အသားဖြူတဲ့ သစ်က ကော်ပတ်ရုပ်လေးလိုချစ်စရာကောင်းလှပါသည်။
ကျောင်း၀င်းထဲမှာတော့ သူသူငါငါသွားလာနေကြတာအဆန်းတော့မဟုတ်တော့ပါ။ အတဲွတွေဆိုတာလည်း ဟိုနားဒီနား အများအပြား တွေ့မြင်နေရတော့ သစ်လည်းဟိုဒီတွေးရင်း ကိုကိုနဲ့အကြောင်းလေးတွေပြန်သတိရမိပြန်ပါပြီ........
မြန်မာပြည်ပြန်ရောက်တာမကြာသေးပင်မဲ့ မာန်တို့ရဲ့ကုမ္မဏီအောင်မြင်မှုက တဟုန်ထိုးအောင်မြင်နေပြီလေ။
![](https://img.wattpad.com/cover/318440702-288-k638537.jpg)