❤️ ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၁၈
အပြင်လောကကြီးအားကြည့်ရှုခံစားနေသော ကလေးငယ်ကို တစိမ့်စိမ့်ကြည့်ရင်းအတွေး နယ်ချဲ့ကျူးကျော်စစ်ခင်းလိုက်သည်။
ကျွန်တော့် ဘ၀ တစ်သက်တာမှာ...... ချာတိတ်လေးတစ်ယောက်ကို.......စွဲလမ်းမြတ်နိုးလှစွာ.......အသည်းအသက်ပုံ၍ အချစ်ကြီး ချစ်မိသွားလိမ့်မည်ဟု ကျွန်တော် လုံး၀မထင်ခဲ့ပါ။
အရင်ကစီးပွားရေးသာဉီးစားပေးအာရုံချခဲ့ဲသော ကျွန်တော်ဟာ မြတ်နိုးစွားစွဲလမ်းစိတ်ဖြင့် ရူးမတတ်ဖြစ်ရပါသည်ဆိုသောလူတွေကို ရူးကြောင်ကြောင်နိုင်လွန်းသည်ဟု လှောင်ပြောင်ခဲ့ဖူးသော ကျွန်တော်သည်.........
ငယ်စဉ္ထဲကမြင်မြင်ချင်းချစ်မိခဲ့သည် ဆိုတာလက်တွေ့ခံစားမိနေပါပြီ။ အချစ်မှာမျက်စိမရှိ ဆိုတာတွေကိုပါ ယုံကြည်လက်ကိုင်သုံးစွဲနေပါပြီလေ....
ရယ်စရာတော့ကောင်းသား ....... ထိုအချစ်တွေကို လှရက်နိုင်လွန်းတွေဆီမှာ မသက်ရောက်ပဲ အလင်းသစ် ဆိုသော ကလေးငယ်လေးထံ၌သာ ညွတ်ကျလျက်။
မာန်ဆိုသော ကျွန်တော့်စိတ်ကို ညွတ်နူးအောင်ပြုစားနိုင်မည့်သူမရှိဟု......ယုံကြည်စိတ်ချထားမှုများသည်
ကျွန်တော်ချစ်သော ကလေးငယ်ကို ပြန်လည်တွေ့ဆုံချိန်မှစ၍ လွင့်ပျယ် သွားခဲ့ရလေပြီလေ။အတွေးတွေကို လက်စသက်လိုက်ပြီး
ကလေးငယ်အားနောက်ကသိုင်းဖက်ထားလိုက်ပြီး ပခုံးလေးပေါ် မေးတင်လိုက်သည်။
"ကလေးငယ်"
"ဟင် ကိုကို!"
"ကိုကို တို့ မနက်ဖြန်ပြန်ကြမယ်နော် ကိုကိုအလုပ်တွေဒီတိုင်းပစ်ခဲ့ရတာလေ"
"ကိုကို ကလည်း ၁ရက်၂ရက်လောက်ထပ်နေမယ်လေနော် သားနေရတာ မ၀သေးဘူး"
"အားဂူး... ဒီဘက်လှည့်ပါအုန်း"
ကလေးငယ် ပခုံးလေးအားဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်အနေအထားဖြင့် ကလေးငယ်အား ချော့ရတော့သည်။