part 14

4.8K 134 2
                                    

❤️  ရင်ဘတ်ထဲက ကလေးငယ်❤️

အပိုင်း၁၄

"ဒေါက်တာ ကလေးအခြေအနေဘယ်လိုရှိလဲမသိဘူး"

"ပင်လယ်စာနဲ့ ဓာတ်မတည့်မှု ကလွဲလို့အခြား စိတ်ပူစရာမရှိပါဘူး"

"ဘယ်လို ဓာတ်မတည့်မှုလဲဗျ"

"ပင်လယ်စာ  အစားများရင်     တစ်ကိုယ်လုံး  Allergies ဖြစ်မယ်    အန်မယ်ပေါ့      နောက်တခါ ပင်လယ်စာရှောင်ပေးပါနော်       အခုတော့အားနည်းနေသေးလို့   ဆေးသွင်းထားပေးပါတယ်     ပင်လယ်စာမစားခင်ဖြစ်ဖြစ်  စားပြီးရင်ဖြစ်ဖြစ်  ဒီဆေးလေးသောက်ပေးပါ"

"ဟုတ်ကဲ့ပါ     ကျေးဇူးတင်ပါတယ်ဗျာ"

"ရပါတယ်ဗျာ   ခွင့်ပြုပါအုန်း"

"ဟုတ်ကဲ့"

ကလေးငယ် ရှိရာအခန်းသို့၀င်လာခဲ့လေသည်။
ဆေးချိတ်တုန်းမို့  ကလေးငယ်အိပ်ပျော်နေသည်။

"ကလေးရယ်    မင်းလေးက နူညံ့လွန်းလှတယ်လေ  အရမ်းလည်းထိခိုက်လွယ်တယ်  မင်းလေးကိုထိရမှာတောင်ကြောက် မိတယ် ကလေးငယ်ရယ်     ကိုယ့်ကြောင့် ထိခိုက္မိရင် ကိုယ်ရင်ကျိုးရပြီကလေးရယ်။

မကြာမှီကလေးငယ်  လူးလွန့်လှုပ်ရှားလာသည်။

"ကလေးငယ်  နိုးလာပြီလား"

"အင်း"

"ကလေး ပင်လယ်စာနဲ့မတည့်တာဘာလို့ကိုကို့ကို မပြောတာလဲ    ကလေးရယ်ကိုကိုဖြင့်စိတ်ပူလိုက်ရတာ"

"တောင်းပန်ပါတယ်  ကိုကို      သားမစားရင် ကိုကိုစိတ်မကောင်းဖြစ်မှာဆိုးလို့  သားစားလိုက်တာ"

"ကိုကိုက မသိရကောင်းမှန်းဆိုပြီးကိုယ့်ကိုတောင် အပြစ်တင်နေတာ   ကလေးရယ်  ကိုကိုတကယ်တောင်းပန်ပါတယ်"

"ရပါတယ်  ကိုကို"

"ဘယ်အချိန်ထဲက  ကလေးက ဓာတ်မတည့်မှုစဖြစ်တာလဲ"

"ငယ်ငယ်ထဲက"

ဒီလိုနဲ့ကျောင်းကို  သစ်နဲ့ မိဖူးမလာတာ ၂ရက်ရှိပြီ လာနေကြလမ်းမို့ မျှော်ရသူအဖို့ရင်လေးရပါတယ်

မိဖူးကဟိုနေ့က ကိစ္စကိုများစိတ်ဆိုးနေသလား   ဒါဆိုသစ်ကရော ဘာလို့ကျောင်းမတက်တာလဲ   တွေးရင်းပင်းချာချာလည်လာသည်။

❤️ရင်ဘတ်ထဲက ကလေးငယ်❤️(completed)Where stories live. Discover now