❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၂၄
မနက်ေ၀လီေ၀လင်းအချိန်မှာတော့ နိုးထလာသော
မာန်က ချစ်ရသော ကလေးငယ်လေး နားဘေးမှ ဖြေးညင်းစွာထလာခဲ့သည်။
"hello စိုင်း လာနေပြီလား"
"................."
"လာရင် မနက်စာ၀င်၀ယ်အုန်းနော် ကလေးငယ်စားဖို့ သူ့ဖို့ အင်္ကျီတစ်စုံလောက်ယူလာအုန်း ဒီကနေပဲ ကျောင်းသွားလိမ့်မယ်"
"............."
"ဒါပဲ"
"ဒေါက် ဒေါက်"
အပြင်မှတံခါးခေါက်သံကြောင့် တံခါးသွားဖွင့်လိုက်
သည်.။
"ဪ ေ၀ယံ"
ဒေါက်တာေ၀ယံရောက်လာခြင်းဖြစ်သည်။
"အစောကြီးပါလား မင်းroundတာ"
"မဟုတ်ပါဘူး ငါက မင်းဆေးစစ်ချက်စာအုပ်လာယူတာပါ မင်းအိပ်တုန်းလား sorryကွာ"
"ငါနိုးနေပါပြီ"
"မင်းကို သူနာပြုဆရာမ ဆေးရုံဆင်းစာအုပ်လာပေးရင်ဆင်းလို့ရပြီနော်"
"အေး"
"ငါစာအုပ်ယူအုန်းမယ် လေ"
"၀င်လေ"
ကုတင်ပေါ်မှာအိပ်စက်နေသေးသော ကလေးငယ်လေးကို ေ၀ယံမြင်သွားတော့ နောက်ပြီလေ။
"ဟ မင်းက လူနာလား ဟိုဟာလေးကလူနာလား
ဒီလိုလုပ်နေတာ ဆေးရုံနော် သတိထားအုန်း လူနာ
မှားနေအုန်းမယ်""မင်းစတာတော်ပါတော့ကွာ ငါ့ကလေးအိပ်နေတယ်"
"မင်းကိုတော့ လေးစားသွားပြီ"
"ချစ်တာကို"
"ငါသွားတာပဲကောင်းပါတယ်"
စနောက်ပြီးအခန်းထဲက ထွက်သွားတော့သည်။
ေ၀ယံထွက်သွားပြီးတော့မှ ဖုန်း၀င်လာခဲ့သည်။
"လွန်း ပြောလေ"
"............"
"နိုးနေပါပြီ"
".............."