❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း၃၆
မနက်ခင်း ကားဂိတ်တွင် လေ့လာရေးခရီးသွားရန်လူစုနေကြစဉ္ လာပို့သူများ သူငယ်ချင်းအုပ်စုများနဲ့ စည်းကားလျက်ရှိသည်။
အိမ်တော်မှာတော့
"ကလေး အဆင်သင့်ဖြစ်ပြီလား သွားကြမယ်လေ"
"ဟုတ်ကိုကို"
"သွားမယ် ကိုကို့ကို အိတ်ပေး"
ကားဂိတ်အတွင်း စောင့်ဆိုင်းနေသူတစ်ဉီးထက်ပိုနေခဲ့သည်။
"မိဖူး သစ်ကလိုက္မှာပါနော်"
"လိုက္မှာပါ ကိုသော်ရယ် လာနေပြီတဲ့"
"ကြာနေလို့ကားတောင်ထွက်တော့မယ်"
"ဟိုမှာ......လာနေပါပြီ"
"မိဖူး ငါသိပ်မနောက်ကျဘူးမလား "
" သိပ်မနောက်ကျပါဘူး ကားမထွက်ရုံတမယ်ပါပဲ"
"sorry ပါဟာ"
"မိဖူး "
"ရှင်! ကိုမာန်ပြောလေ"
"သစ်ကို ဂရုစိုက်နော် သူ့နားမှာနေနော် "
"စိတ်ချပါ ကိုမာန် မိဖူးတစ်ယောက်လုံးပါတယ် မပူပါနဲ့"
"အင်း ကလေးဖုန်းဆက်နော် "
"ဟုတ် ကားပေါ်တက်တော့မယ် "
၃ရက်တာခရီးဆိုတာ သူ့အတွက်တော့ ၃ကမ္ဘာအလားထင်မှတ်လောက်အောင် ကောင်းကင်ကြီးက ကျီစယ်နေသည်။
နေအလင်းရောင်နဲ့အတူ ကားလမ်းအေ၀းသို့ ပြေးလွှားသွားတဲ့ ခရီးသည်ကားကြီးထွက်သွားတာကို တစ်ယောက်ထဲငေးရင်းကျန်ခဲ့ရသည့် ဘ၀အဖို့
အထီးကျန်စေသည်။ကုမ္မဏီသို့ခြေချလိုက်သည်။ သွားနေကြအလုပ်ခွင်ဖြစ်သော်လည်း ထိုနေ့မှ စိတ်မကြည်။
"boss ! ဒီနေ့ ဂိုထောင်မှာ ကုန်တွေထပ်ရောက်တယ်"
"သွားကြည့်ကြမယ်"
"ဟုတ်"
ဂိုထောင်ကလူများကို အလုပ်အကြောင်း ဘာညာမေးပြီး စိတ်မပါတော့တာနဲ့ ခုံမှာကျောက်ချကာထိုင်နေလိုက်သည်။
![](https://img.wattpad.com/cover/318440702-288-k638537.jpg)