❤️ ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၃၁လတည်းတွင်စျာပန ၂ခါထပ်သွားသော သစ်အဖို့ ကံကြမ္မာကိုအပြစ်တင်မဆုံးတော့။သစ်ငိုရလွန်းလို့အားတောင်မရှိတော့......သစ်တန်ဖိုးထားသောအရာတွေသာဘာလို့ရွေးယူသွားရတာလဲဗျာ.....
"သစ် သားသား အားမငယ်နဲ့နော် အန်တီထား ရှိတယ်"
"ကလေးတော့သနားပါတယ်ဟယ် ကံဆိုးတာ ၁လထဲမှာတင် မိဘ၂ပါးရောအဖွားရောဆုံးတာ"
ဟိုနေရာတိုးတိုး ဒီနေရာတိုးတိုး ပြောနေကြသော လူတွေကြောင့် ဒေါ်ခင်ထားမဲ့ပြုံးပြုံးရသည်။
၁ပတ်ကြာတော့.......
"အဖွားလည်းမရှိတော့ဘူးဆိုတော့ အလင်းသစ်ကို မခင်ထားပဲမွေးထားပါ ၁၆နှစ်ပြည့်ရင်တော့အမွေအားလုံးလွဲပေးလိုက်ပါ ဒီမှာပါ စာချုပ်"
"ဟုတ်က့ဲပါရှင် ကျွန်မတူလေးကို အတတ်နိုင်ဆုံးစောင့်ရှောက္မှာပါ"
မှိုရတ့ဲရုပ်နဲ့ပြောနေသော ခင်ထားအား ဉီးမြခိုင်ကြည့်၍သာနေတော့သည်။
နောက်တနေ့......
"သားသစ်လေး အန်တီတို့အိမ်ပြန်ကြမယ်နော်"
"ဟုတ်"
"ကိုမြခိုင် ကျွန်မ အစီအစဉ္ ကိုနောက်တပတ်စတော့မယ်"
"ခင် ....မင်းမလွန်လွန်းဘူးလား"
"ဘာဖြစ်လို့လဲ ကိုမြခိုင်"
"ဟ....ခုကလေးကအိမ်တောင်မရောက်သေးဘူး ကားပေါ်မှာပဲရှိသေးတယ်နော် မင်းကသတ်တော့ဖို့လား"
"ကိုမြခိုင်ရယ် ရှင်လည်းစဉ္းစားပါအုန်း ခုတော့မသတ်သေးပါဘူး ဒါနဲ့ဖြစ်နိုင်ရင် ကျွန်မအစီစဉ္ကိုဒီထက်ပိုပြီးတောင်မြန်ချင်တာ"
"တော်ပြီကွာ"
ဉီးမြခိုင်လည်း အပြစ်ကင်းစွာအိပ်မောကျနေသော သစ်လေးအား စိတ်ရင်းနဲ့ကြည့်မိလိုက်သည်။
"ကိုယ်မြခိုင် ကျွန်မတို့ကမ်းပါးနားကခြံမှာသွားနေကြမယ်"
"ဘာလို့!
"ကျွန်မအ့ဲမှာ အေးအေးဆေးဆေးအနားယူချင်လို့ပါ"