❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၁၃
ဒီနေ့ဟာဆိုရင် သစ်ရဲ့တတိရအချစ်ဆုံး ကိုသော်မွေးနေ့လေးပေါ့ ကိုသော်ဟာ မွေးစားခံရတယ်ဆိုပင်မဲ့ မိဘတွေကသားသမီးအရင်းသမျှချစ်ကြပါတယ်။
သစ်လည်း ကိုသော်မွေးနေ့သွားရမယ်ဆိုတော့ အပြည့်ရှိုးထုတ်နေပါပြီ။
"ကိုကို သစ်ဘာ၀တ်ရမလဲ ရွေးပေး!'"
"ဟမ်"
ကြည့်လိုက်တော့လည်း အိပ်ယာပေါ် အင်္ကျီတွေ ပွကြဲလန်လို့ ဒါတောင်၀တ်စရာမရှိလို့ဆိုပဲ။
"ကိုကို ေရွးပေးလို့ "
"ကလေးငယ်က အသားဖြူတော့ဘာ၀တ်၀တ်လိုက်မှာလေ ကြိုက်တာ၀တ်"
ချက်ချင်းဆိုသလို မျက်နှာပုတ်သွားပြီး
"ရတယ် ဘာမှမ၀တ်တော့ဘူး ကိုယ်လုံးတီးပဲသွားတော့မယ်"
ဆိုပြီး ၀တ်ထားသောစွတ်ကျယ်လေးကိုဆွဲချွတ်နေသည်။
"အာ......ကလေးငယ် ဘာလုပ်တာလဲ"
"ဒီတိုင်းသွားမလို့ပေါ့ ကိုကိုမှအင်္ကျီ မရွေးပေးတာ"
မာန်လည်း မနိုင်သော ကလေးငယ်ကို လက်လျော့လိုက်ရသည်။
"ဒါလေး၀တ် အရောင်လွင်တော့ လှတယ်"
"ဟုတ်'
"နောက်ပြီး ကိုယ့်ရှေ့လွဲပြီးဘယ်သူ့ရှေ့မှာမှ အင်္ကျီမချွတ်ရဘူး ကိုကိုကလွဲပြီးဘယ်သူ့မှကြည့်တာမကြိုက်ဘူး"
"အင်းပါ"
္ီဒီ ကလေးငယ်ရဲ့ အပြုံးတွေအောက္မှာ အကြိမ်ကြိမ် ပြိုလဲကျနေမိပြီ ။ ပြုံးလိုက်တိုင်း ပိတ်ပိတ်သွားတတ်တဲ့ မျက်ခွံလေးကို ကမ္ဘာကျော် ပန်းချီတောင်လိုက်ဆွဲနိုင်မယ် မထင်ဘူး သူ့ရဲ့ကိုယ်ပိုင်ပန်းချီဆရာကလည်း ကိုယ်ကလွဲပြီးဘယ်သူမှမဖြစ်စေချင်ဘူး။
ရှိခဲ့ရင်တောင် ကျွန်တော် ဖျောက်ပလိုက္မယ် ဘာလို့ဆို ပန်းချီဆွဲရင် ကလေးငယ်ကိုကြည့်မှာမကြိုက်ဘူးလေ။ သူ့ ဘ၀ရဲ့ ကိုယ်ပိုင် ပန်းချီ ဆရာကလည်း ကိုယ်ပဲ ကိုယ်ပိုင် ဒေါက်တာကလည်းကိုယ်တိုင်ပါပဲ။ဖြစ်နိုင်ရင် သူ့ရဲ့ဘ၀ ကို အလင်းရောင်ပေးနိုင်တဲ့ နေမင်းကြီးသာဖြစ်လိုက်ချင်ပါတယ်။ အခြားအရာတွေသာ စိတ်မ၀င်စားပဲနေနိုင်တယ် ကလေးငယ်နဲ့ပက်သက်ရင်တော့ လောဘကြီးမိတယ်။