❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၂၃
ဆေးရုံရောက်တော့ရုတ်တရက် စိုင်းမှတားလိုက်သောကြောင့် သစ် တွေေ၀သွားသည်။
"၀င်မယ်လေ စိုင်း"
"ခဏလေး သစ် စိုင်းအရင်၀င်မယ် သတိရပြီဆိုမှ၀င်မယ်နော်"
"ဟုတ်"
စိုင်း၀င်လာတော့ မာန်တစ်ချက္မျက်ခုံးပင့်ပြလိုက်သည်။
စိုင်းလည်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့ မာန်သဘောပေါက်သွားသည်။
"လွန်း အိမ်ပြန်ချင်ရင်ပြန်လို့ရပြီ လွန်း ပင်ပန်းနေပါပြီနော် စိုင်းလိုက်ပို့ပေးလိမ့်မယ်"
"အမလေး ကိုယ်တော်ချောက နှင်ထုတ်နေတော့လည်းပြန်ရတော့မှာပေါ့"
"မဟုတ်ပါဘူး လွန်း ပင်ပန်းမှာဆိုးလို့ပါ"
"အင်းပါ မနက်ဖြန်မှလာခဲ့မယ်နော်"
"အင်း"
လွန်း အခန်းထဲက ထွက်လာတော့ အခန်း၀မှာ ရပ်နေသော ချာတိတ်တစ်ယောက်ကို မြင်လိုက်ရသည်။
"မင်းက ကိုမာန့် ဆီလာတာလား"
"ဟုတ်"
"မင်းက................"
"သစ် ၀င်လာလေ"
စိုင်း ပြောတာကြောင့် သစ် ၀င်သွားလိုက်ပြီး လွန်း နှင့် စကားပြတ်သွားသည်။
"စိုင်း ကိုကိုက သတိမရသေးဘူးလား"
"အင်း ကိုယ် စားစရာတစ်ခုခုသွား၀ယ်အုန်းမယ်နော် ခဏစောင့်ပေးနော်"
"ဟူတ်"
စိုင်း ထွက်သွားပြီး ကိုကို့ကိုကြည့်တော့ သတိမရသေးပုံ ဒါကြောင့် သစ် ဆိုဖာပေါ်ထိုင်လိုက်သည်။
မာန် ဆီမှ အသံကြားရတော့ သစ်အနားကပ်လာခဲ့သည်။
"ကိုကို ဘာပြောတာလဲ"
မာန် ပါးစပ်မှ မပွင့်မလင်းဖြေးညင်းစွာ ပြောနေသည်ကို သစ်နားမလည်။
"ကိုကို ဘာပြောတာလဲလို့"
"ရေ..........ရေ"
"ဟမ်"