❤️ရင်ဘတ်ထဲ့ ကလေးငယ်❤️
အပိုင်း ၁၂
ကလေးငယ်ကိုကြည့်လိုက်တော့ မျက်နှာလေးပွတ်ကာ ငြိမ်နေသည်။ခါတိုင်းဒီလိုမဟုတ် အမြဲပျော်ရွှင်နေတတ်တဲ့ကလေးငယ်က ခုလိုဖြစ်နေတာတော့သဘောမကျ မိဘူး။
"ကလေးငယ်လေး နာနေလို့လား"
"မနာပါဘူး ကိုကို"
မနာဘူးသာပြောတာ မျက်လုံးလေးကမျက်ရည်ဉလေးတွေတွဲခိုနေသည်။
ပါးတဘက်ကိုကြည့်လိုက်တော့ ဖောင်းနေတဲ့ပါးလေးတွေက ရိုက်ထားတဲ့ဒဏ်ကြောင့် ပိုမိုဖောင်းကာ ယောင်ကိုင်းနေသည်။အသားဖြူဖြူလေးမို့ ဒဏ်ရာကရဲရဲတွတ်နေသည်။
မာန် ခေါင်းခါမိသည်။
"မဖြစ်တော့ပါဘူး အိမ်အမြန်ပြန်မှပဲ"
အိမ်အမြန်ရောက်စိတ်က ကားဂီယာကိုမြင့်တင်မိသည်။
အိမ်သို့ရောက်သည်ထိ ကလေးငယ်ငြိမ်နေတော့သည်။
"ကလေးငယ် အိမ်ရောက်ပြီနော်"
"ဟုတ်"
ကလေးငယ်ကားပေါ်မှဆင်းသည်နှင့် မာန် ပွေ့ချီလိုက်သည်။
"သား လျှောက်နိုင်ပါတယ်ကိုကို!"
"ချီချင်လို့ပါ"
သစ်လည်းမာန်လည်ပင်းကိုဖက်တွယ်ထားလိုက်သည်။
မာန် အခန်းထဲရောက်အောင်ချီလာပြီး မွေ့ယာပေါ်ထိုင်စေပြီး...
"ကိုယ်ကြက်ထုပ် သွားယူအုန်းမယ်နော်!"
" သားဘာသာလုပ်လိုက္မယ်လေ"
"မရပါဘူး ကိုယ့်ကလေးကိုကိုယ်ပြုစုပေးမှာပေါ့"
မာန်လည်း ကြက်ထုပ်သွားယူလိုက်ပြီး......
"ကိုကို ဖြေးဖြေးနော်"
"အင်းပါ"
"အာ့ "
"အိုး အို့ Sorry ပါကွာ ဉုံဖွ ငါ့ကလေးလေးကိုများရိုက်ရတယိလို့ နောက္မှတွေ့အုန်းမယ်"
"ဒီအကြောင်းထပ်မပြောပါနဲ့တော့ သားကြောက်လို့"
"အားဂူး...... ကိုကိုရှိတယ် ကလေးငယ်ကိုဘယ်သူမှမထိရဲတော့ဘူး"