❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၄၈
"မိဖူးဘယ်သွားတာလဲ"
လျှိုဝှက်ထားရမည့်ကိစ္စမို့ ကိုသော်မေးလာသည်ကိုပင် အလိမ္မာလေးနဲ့ညာရတော့မည်။
"အပြင်ခဏသွားတာပါ ကိုသော် သစ်ရော"
"အိမ်ပြန်သွားပြီ သူ့အဒေါ်ခေါ်လို့"
"လုပ်ပြန်ပြီ ဒီအဘွားကြီးကတော့"
"ဒါနဲ့မိဖူး သစ်မျက်နှာမကောင်းလို့ ဘာဖြစ်လဲသိလား"
"အချစ်စမ်းတာ"
"ဟမ် ဘာလုပ်တယ်"
!"မိဖူးအလုပ်ရှိလို့သွားပြီ"
ပြောပြီးထွက်သွားသော မိဖူးကို သူနားမလည်ပါ။
ချစ်ရသူလေးမျက်နှာမကောင်းတော့ ရင်ထဲတစ်မျိုးမို့
အနီးကပ်ဆုံးဖြစ်တဲ့ မိဖူးကိုမေးတော့မှ ပိုရှုပ်သွားသည် ဘာတဲ့"အချစ်စမ်း" တာတဲ့ ဒါဘာသဘောကိုပြောတာလဲ။"boss VXကုမ္မဏီပိုင်ရှင်ဘယ်သူလဲသိပြီ"
"ဘယ်သူလဲ "
!"ဉီးအဂ္ဂ တဲ့ နောက်ပြီး ဉီးဂုဏ်ရည်လည်းအဲ့ကုမ္မဏီကို သွားတာခြေချင်းလိမ်နေတယ်တဲ့ ဘာဇယားလဲတော့မသိဘူး",
"ငါထင်နေတဲ့အတိုင်းပဲ အရင်ဆုံး ဉီးဂုဏ်ရည်ရဲ့အချိန်ဇယားကိုငါလိုချင်တယ်"
"ဟုတ် boss
"ပြီးတော့ ကလေးငယ်အနောက်ကို အမြဲစောင့်ကြည့်ဖို့ လူလွှတ်ထား တစ်ခုခုဖြစ်စေရင်တော့ လုပ်တဲ့သူက ပြန်လမ်းမရှိဘူး"
"အခုပဲစီစဉ္ထားပါ့မယ်"
"အင်း"
"CEO ရှင့် မမလေးလွန်းလာတယ်ရှင့်"
"လွတ်လိုက်"
"ကိုမာန် "
"လွန်း လာလေ"
"လွန်း ပရောဂျက်လာပြတာ"
"အင်း"
"ဒီမှာလေ ဆောက်လုပ်ရေးပရောဂျက် ကိုမာန်ပါရှယ်ယာ၀င်ပါလား"
သိတာပေါ့ ဒီရှယ်ယာတွေဟာအများဆုံးဉီးအဂ္ဂပိုင်ဆိုင်မှန်း သက်သက်လာရောတာပဲ။