❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၅၄
"ကိုကို ဒီနေ့ မိဖူးတို့ဆီလိုက်ပို့နော်"
"
"ကလေးငယ်က သွားချင်နေပြီလား ကိုကိုကမနက်ဖြန်လိုက်ပို့မယ်လုပ်ထားတာ""ဒီနေ့သွားချင်တာ လိုက်ပို့နော်"
အင်္ကျီစလေးကိုဆွဲရမ်းကာ နှာခမ်းလေးဆူဆူပြောနေတဲ့ ရုပ်သွင်လေးက တကယ့်အသည်းယားစဖွယ်။
"လိုက်ပို့စေချင်ရင် တစ်ခုပြန်ပေးရမယ်"
"ဘာပေးရမှာလဲ ဘာမှမရှိဘူးနော် "
"ရှိတာပဲတောင်းမှာပါ "
ပါးတစ်ဖက်ကိုဖောင်းပေး လိုက်တော့ ပြုံးရယ်ကာ
ထိကပ်လာတဲ့ နှာခမ်းလွှာလေး။ မာန် ပါးကနေဉီးတည်ချက်ပြောင်းကာ ထကပ်စွာနမ်းနေသော နှာခမ်းလေးဆီသို့ ကူးပြောင်းလိုက်သည်။
တစ်ချက်လန့်သွားပင်မဲ့ငြင်းဖယ်ခြင်းမပြုမိချေ အလိုက်သင့်လေးစီးမျောပေးလိုက်သည်။"ကိုကို ညနေလာခေါ်မှာနော် မိဖူးရေ ဂရုစိုက်ပါနော်"
"အမလေးသိပါတယ်နော် တကယ်တည်း အလုပ်သာဖြောင့်အောင်သွားပါ"
"ဟုတ်ပါပြီ ကိုကိုသွားပြီနော်"
"ဟုတ်"
"ပိုကိုပိုကြတယ်"
"မိဖူးကလည်း ကိုသော်ရော"
"လာနေပြီတဲ့ လမ်းမှာ"
"ဪ"
"ငါတို့ဒီနေ့ အေ၀းကြီးလျောက်သွားလို့မရဘူး"
"ဘာလို့လဲ "
"ငါတို့မမြင်နိုင်တဲ့ အန္တရယ်တွေအများကြီးရှိတယ် ပြီးတော့နင်လည်းသိမှာပါ ကိုမာန်ကအခုအန္တရယ်ကြားမှာဆိုတာ သူ့အရှုပ်တွေကြားငါတို့လည်းနွယ်လာနိုင်တယ်"
"အင်းပါ "
"သစ် "
"ကိုသော် လာပြီလား"
"ခုမှပေါ်လာတယ် သစ်ရယ် သတိရနေတာ"
"ဟုတ်လား သစ်လည်းသတိရနေတာ"
သတိရနေတာနဲ့တင် သေပျော်ပါပြီ သစ်ရယ်။
"ဒါဆို ကိုယ်တို့ဘယ်သွားကြမလဲ"