❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပို်င်း ၂၅
"လွန်း"
ဘာမှမဖြစ်သလို သရုပ်ဆောင်ကောင်းလွန်းတဲ့
လွန်း ကို မာန်အံ့ဩစွာကြည့်လိုက်သည်။
"ကိုမာန် လွန်းက ကိုမာန်စားဖို့ ရှယ်ချက်လာတယ်"
"အင်း ကလေးကျောင်းသွားတော့နော် ညနေလာကြိုမယ်"
"ဟုတ်"
စိုင်းနဲ့တူတူထွက်သွားသော ကလေးငယ်ကို ဘယ်လိုမျက်နှာမျိုးနဲ့ရင်ဆိုင်ရပါ့မလဲ။
"လွန်း ကိုယ့်ကြောင့်ပင်ပန်းရပြီ ကိုယ်တောင်းပန်ပါတယ်"
"ရပါတယ် ကိုမာန် လွန်းက ကိုမာန်ကို ဒီလိုလုပ်ပေးနေရတာကို ကျေနပ်နေတာ"
"အင်းပါ "
"ဒါနဲ့ ဟိုကောင်လေးက ဘယ်သူလဲ"
"ဟို.........စိုင်း ညီလေးပါ ကိုယ်တို့နဲ့တူတူနေတာ"
"ဪ အင်းပါ လာပါ လွန်းဗိုက်ဆာနေပြီ မုန့်စားရအောင်"
"အင်း"
ကျောင်း၀င်းထဲ မုန့်ဆိုင်မှာတော့ အဆင်မြင် လိုက်shipနေသော မိဖူးနဲ့ ဟိုတွေးဒီတွေး သစ်တို့ဆုံကြရာ၀ယ်။
"ဟို ကောင်လေးနှစ်ယောက်က တွဲနေတာလားမသိဘူး ဟဲ့ကြည့်အုန်း"
"နှစ်တစ်ထောင် Fujoshi မရယ် နင်ဟာစိတ်ညစ်ရတဲ့အထဲ"
"ငါက ငါလင်မရင် ငါသဘောကျတဲ့သူတွေကို လင်ပေးစားမှာ"
"ကြောက်စရာပဲ ငါလက်လန်တယ်နင့်ကို"
"ဒါနဲ့နင်က ဘာဖြစ်နေတာလဲ ဘာစိတ်ညစ်နေတာလဲ"
"ကိုကို့ဆီကို သိပ်လှတဲ့ မမတစ်ယောက်ကအမြဲလာတယ်ဟ သူတို့၂ယောက်ကလည်း ရင်းနှီးကြတဲ့ပုံဟ"
"လုပ်ငန်း မိတ်ဆွေတွေနေမှာပါဟယ်"
"အဲ့လိုပဲဖြစ်ပါစေဟယ်"
"သစ်ရယ် နင့်ကို ကိုမာန်တကယ်ချစ်တာနေမှာပါဟယ် နင့်ကို သစ္စာမဖောက်လောက်ပါဘူး လူကြီးလူကောင်းပါဟယ်"