❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၁၁
နွေးထွေးတယ်ဆိုတဲ့နေရောင်ခြည်တောင် ချစ်ရသူရင်ခွင်လောက်ဘယ်နွေးထွေးပါ့မလဲ။
ဒီနေ့တော့ကလေးငယ်မနိုးခင် စိုင်းကိုလေဆိပ်လိုက်ပို့ရမယ် နောက္မို့ဆိုလိုက်ဖို့ ဂျီကျနေမှာမလွဲပဲ။
"စိုင်း အဆင်သင့်ပဲလားသွားကြမယ်လေ"
"ဟုတ် Boss"
အမှန်တော့ လေယာဉ္က ၉နာရီမှထွက္မှာပါ ကလေးငယ်လိုက္မှာဆိုးတာကြောင့်မနိုးဘဲ ၇နာရီလောက်ထွက်ခဲ့တာပါ။
"မင်းကိုစိတ်ချမယ်နော် စိုင်း"
"စိတ်ချပါ boss"
"အင်း... ...ငါပြန်မယ် မင်းတစ်ယောက်တည်းဖြစ်ရဲ့လား"
"ရပါတယ် boss"
"ငါသွားပြီနော်"
ပြီးဒါနဲ့ ချစ်ရတဲ့ကလေးငယ်ဆီ အမြန်ပြန်ခဲ့သည်။
"နိုးနေပြီလားမသိဘူး"
အိမ်ပြန်ရောက်တော့ ကလေးငယ်အိပ်နေသောအခန်းထဲကို၀င်ကြည့် ကလေးငယ်က ချစ်ဖို့ကောင်းစွာအိပ်နေတုန်းပင်။
နှဖူးလေးကိုငြင်သာစွာနမ်းလိုက်ပြီး
"ပြွတ်!......... အိပ်နေတာတောင်ချစ်ဖို့ကောင်းတုန်း"
မာန်လည်း သစ်နိုးလာရင်စားဖို့ မနက်စာပြင်ရန်ထွက်သွားလေသည်။
မာန် မနက်စာပြင်ဆင်မှုသာပြီးသွားတယ် ကလေးကတော့ အပေါ်ထပ်က ဆင်းမလာသေး။
"ဒီကလေးကတော့ခုထိမနိုးသေးဘူးလားကွာ ဗိုက်ဆာလာပြီ....... မဖြစ်ပါဘူး သွားနိုးအုန်းမှ"
မာန်အပေါ်သို့တက်သွားတော့ တွေ့ပါပြီ ပုဇွန်ထုပ်လေးလိုကွေးနေအောင်အိပ်နေတဲ့ ကလေးငယ်လေး....
"ကလေးငယ် ထတော့ကွာ.. ၈နာရီတောင်ရှိနေပြီ ကလေးငယ်"
"ဒီနေ့ကျောင်းပိတ်တယ်လေ ကိုကိုရာ အိပ်အုန်းမယ်"
"အားဂူး......ဒီလောက်အိပ်တာတောင် မ၀ဘူးလား
ထတော့ ကလေးရယ် ကိုကိုဗိုက်ဆာနေပြီ""ဆာရင်စားနှင့်ဗျာ သားအိပ်ချင်သေးတယ်နော့်"
"အဲ့ကြောင့်၀က်ပေါက်လေးဖြစ်နေတာ ထတော့"