❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၄၁
ညသန်းခေါင်ချိန် တိတ်ဆိတ်နေတဲ့အချိန်မှာတော့
အားလုံးအေးချမ်းစွာ အိပ်နေကြပင်မဲ့လည်း
ပူလောင်မှုကို ရင်၀ယ်ပိုက်ထားတဲ့ သစ်အဖို့ ဘယ်လိုမှ မအေးချမ်းနိုင်။ဘေးဘက်ကို လှည့်ကြည့်လိုက်တော့
အေးချမ်းစွာ အိပ်မောကျနေတဲ့ ကိုကို့ ဘေးသို့သူလှည့်လိုက်သည်။"ကိုကို သစ်ကိုတကယ်ပဲ လိမ်ညာမှာလားဟင်
ကိုကို့ကို သစ်ချစ်တယ်"ထွေးပွေ့ထားသော လက်တို့အား သူပယ်ချကာ ၀ရံတာသို့ထွက်ခဲ့သည်။
ကောင်းကင်မှာ ကြယ်လေးတွေကတော့ သူတို့ချစ်တဲ့လမင်းကြီးဘေးမှာ သစ္စာရှိရှိ အတောက်ပဆုံးလင်းလက်နေကြတယ်။
အားကျရုံကလွဲလို့ မတတ်နိုင်ခဲ့။
ညတွေဟာ ကျွန်တော့်ကိုလှောင်ရယ်ဖို့ စောင့်ကြည့်နေတယ်မလား ကျွန်တော်နေပျော်ပါတယ်ဗျာ။
လူတွေက နှင်းဆီပန်းကိုပဲ အချစ်အတွက်လို့သတ်မှတ်ကြတယ်
ကျွန်တော်ကတော့ ကျူးလစ်ပန်းလေးဖြစ်ချင်တာ
ကျူးလစ်ပန်းလေး ထာ၀ရအတွက်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်တယ်ဗျ။အခုတော့ ပုံပြင်ထဲက ကျူးလစ်ပန်းလေး ကြွေသွားပြီ ပိုင်ဆိုင်သူက မေ့ပစ်ရက်ပြီ။
ကောင်းကင်ကိုကြည့်ပြီးရင်ဖွင့်ကောင်းလိုက်တာ
နာရီလက်တံ ၃နာရီတောင်ထိုးနေပြီ။ကျွန်တော် ကိုကို့ကိုကျောခိုင်းကာ အိပ်စက်ဖို့ကြိုးစားလိုက်သည်။
မနက်ခင်း ကျေးငှက်လေးတွေ တေးဆိုချိန်မှာတော့ မာန်တစ်ယောက် ကြည်လင်စွာနိူးထလာခဲ့သည်။
ကလေးငယ်လေးရဲ့ နှာဖူးလေးအား စမ်းကြည့်လိုက်တော့
"ကိုယ်မပူဘူး တော်ပါသေးရဲ့ ချစ်ဖို့ကောင်းလိုက်တာ "
ပါးပြင်လေးအား အနမ်းပွင့်လေးကြဲလိုက်သည်။
မာန်ရေမိုးချိုးပြီး အောက္မှာကလေးငယ်အား မနက်စာစားရန်စောင့်နေခဲ့သည်။