part 21

2.8K 93 0
                                    

❤️ရင်ဘတ်ထဲက  ကလေးငယ်❤️

အပိုင်း  ၂၁

တစ်ဖက်ပြိုင်ပွဲ၀င်တွေက   အားသန်မယ့်ပုံ ။

သစ်ကတော့ လက်ဆင့်ကမ်းပြိုင်ပွဲမှာ       နောက်ဆုံးပြိုင်ပွဲ၀င်    သစ်ရှေ့မှာပန်တိုင်ကဆီးကြိုနေသည်။အနိုင်ရဖို့   သစ်အပေါ်အများကြီးမူတည်လေသည်။

သစ်ကြောက္မိလေသည်    ကျရှုံးမှာထက်     မလုပ်နိုင်မှာကို။

ဘေးပတ်၀န်းကျင်ကိုကြည့်သော်လည်း   သောင်းသောင်းဖြဖြအားပေးနေသော   မိမိတို့ကျောင်းက    သူငယ်ချင်းများ။

မိဖူးကြိုးစားပြခဲ့ချင်ပါသည်။ ကိုသော် မိဖူးဆီတနေ့လာမယ်လို့  ဆုံးဖြတ်ချက်ဖြင့်။

မိဖူးသတိတစ်ချက်လွတ်ကာ    ကရင်းချော်လဲသွားသည်။

"အား.........သေပါပြီ"

"မိဖူး"

မထင်မှတ်ပဲပြေးလာသူက  သူတောင်းတနေသော   ကိုသော်။

မိဖူး သစ်ကိုကြည့်တော့   မျက်နှာပြောင်ပြနေသည်။
ထုပစ်ချင်သည်  ထိုသစ် စုတ်လေးကို   ဒါပေမဲ့ ခုတော့သစ်ဆီ အာရုံမရနိုင်။

"မိဖူး   အဆင်ပြေလား"

"ခြေထောက်နာသွားတာ ထင်တယ်"

"ခေါက်သွားတာများလား"

ကိုသော်  ခြေထောက်ကို  ကိုင်ကြည့်တော့   ဆစ်ကနဲ နာသွားတော့ တွန့်သွားသည်။

"ဆေးခန်းသွားရအောင်    "

"သစ်တို့ပြိုင်ရအုန်းမယ်လေ"

"ကျောင်းဆေးခန်း  သွားမှာပါ   မှီပါတယ်"

"ဟုတ်"

"ထနိုင်လား....."

"ကြိုးစားကြည့်မယ်"

ကြိုးစားကာထကြည့်တော့  ခြေထောက်က  ထောက္မရ။  ထိုအခြေအနေကို  အသုံးချရမယ်ဟု    ဉာဏ်နီပြာ၀ါများထုတ် ပလိုက်သည်။

"အာ့......မရဘူး"

ပြန်လဲကျဖို့ဖြစ်တော့  ကိုသော်က  မိဖူးကိုယ်လုံးလေးအားလှမ်းထိန်းလိုက်သည်။

ရင်ထဲ ကြည်နူးမှုအပြည့်  ဒဏ်ရာကိုတောင်မပျောက်ချင်တော့ဘူး။
ရင်ဘတ်ထဲ   ရင်ခုန်သံစည်းချက်ကလည်း  DJ ဖွင့်ထား၍ ဟန်ချက်ညီညီ မြူးမြူးကြွကြွ   ကခုန်နေသည်။

❤️ရင်ဘတ်ထဲက ကလေးငယ်❤️(completed)Dove le storie prendono vita. Scoprilo ora