❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၄၅
မိဖူးနဲ့အတူ One Star coffee ဆိုင်လေးမှာ အလုပ်၀င်ခဲ့သည်။
မိဖူးက သစ်အဖော်အဖြစ်သူပါ သူ့အဒေါ်ဆိုင်တွင် ကူလုပ်ပေးသည်. ဆိုင်ရှင်ကအလွန်သဘောကောင်းသည်။အပျိုကြီးဖြစ်၍ ကလေးအလွန်ချစ်တတ်သည်။ သစ်အဖို့တော့ သူ့အတွက် ချစ်စရာတူလေးလိုပင် ။"တီလေး သမီးတို့ကျောင်းသွားပြီနော်"
"ဟုတ်ပြီ သမီးလေးနဲ့သားလေးစားဖို့ တီလေးမုန့်တွေထည့်ပေးလိုက်တယ်"
"အားနာစရာကြီး တီလေး"
"အမလေး ငါ့သားလေး ဘာမှအားမနာန့ဲ တီလေးက ချစ်လို့"
"ဟုတ်"
မိဖူးခေါ်သလို တီလေးဟုသာခေါ်ခိုင်းခဲ့သည်။ သူဌေးလို့ခေါ်တာ ဘယ်လိုမှလက္မခံ အလွန်သဘောကောင်းသည်။
သစ် ကိုယ့်အဒေါ်ကိုတောင် ရင်းရင်းနှီးနှီးခေါ်တာမဟုတ်။"ကြာလိုက်တာ ကိုသော်စောင့်နေတာကြာပြီ ဘယ်သွားနေလို့နောက်ကျနေကြတာလဲ"
ကျောင်းရောက်တာနဲ့ ပိတ်ဟောက်လိုက်သော ကိုသော်ကြောင့် ၂ယောက်သားရယ်မိကြသည်။
(အမလေး အမောကိုပြေသွားတာပဲ ဟောက်လိုက်တာများ ကျောင်းမှီအောင်မနည်းလာခဲ့ကြတာကို)"မိဖူးနဲ့သစ် ဆိုင်ကနေလာရလို့လေ"
"ဆိုင် ဘာဆိုင်လဲ"
"မိဖူးအဒေါ်ဖွင့်ထားတဲ့ coffeeဆိုင်လေ အဲ့မှာ သစ် အလုပ်လုပ်နေတာ မိဖူးပါ၀င်လုပ်နေတာ"
"သစ်ရယ် အလုပ်မလုပ်ပါနဲ့နော် ကိုသော်ရှိပါသေးတယ် တစ်ခုခုဖြစ်မှဖြစ်",
"သစ် လုပ်ချင်လို့ပါ ဘယ်သူ့မှ သစ် အားမကိုးချင်ဘူး သစ်ကယောကျင်္ားပဲလေ အားကိုးတာတွေမလုပ်ချင်ဘူး"
"ဟုတ်တယ် ကိုသော် သစ်က ယေကျင်္ားလေး
သူသန်မာရမယ် အရာရာအရှုံးမပေးရဘူး
နောက်ပြီး သစ် နင်ငါ့အဒေါ်ဆိုင်ကထွက်ရင် နင့်ကိုငါသတ်မယ်"သစ်ရယ်လိုပ်သည်။မိဖူး ကိုသော်ကိုရွဲ့လိုက္မှန်းသိတယ် သစ် အလုပ်လုပ်ရတာမပင်ပန်းပါဘူး
တစ်ခုခုဆို မိဖူးက ၀င်ကူသည်။ သစ်ပျော်သည်လေ ဒါမဲ့လည်းလွမ်းတယ် .....