❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၄၆
"မိဖူး ငါဒီနေ့ အိမ်စောစောပြန်ရမယ်"
"နင့်အဒေါ် ခိုင်းအုန်းမလို့မလား"
"အင်း"
"စိတ်ညစ်တယ် နင့်အဒေါ်က နင့်ကိုဖျက်ဆီးနေသလိုပဲ လောင်းကစားဝိုင်းတွေခေါ်နေတယ်"
"ငါ သူမှာတဲ့ပိုက်ဆံယူသွားပေးရုံပါပဲဟယ်
နင်မပူပါနဲ့နော်""ပူရတယ် နင်ကသွားရင် ပိုက်ဆံတွေ ယူသွားရတာ လမ်းမှာမတော်လို့တစ်ခုခုဖြစ်သွားရင်ရော
နောက်ပြီး လောင်းကစားဝိုင်းမှာလည်း လူပေါင်းစုံ စိတ်မချနိုင်ဘူး"အမေတစ်ယောက်က သူ့ကလေးကို လောင်းကစားဆိုတာမကောင်းတဲ့အရာလို့ ရှင်းပြနေသည့်အလား
မိဖူးကို သူမြင်မိသည်။"ဟုတ်ပါပြီ ငါနင်မကြိုက်တာမလုပ်ဘူး ငါလည်းဘယ်လုပ်ချင်ပါ့မလဲ "
"နင်အဲ့လိုဖြစ်ရင် ငါကိုမာန်ကို ဒေါသထွက်တယ်"
"သူနဲ့မဆိုင်ပါဘူးဟာ ငါပြန်တော့မယ်နော်"
"အေးအေး စိတ်ချမယ်နော်!
"ဟုတ် မားမား"
"မားမားသားလေးက လိမ္မာတယ်"
တစ်ခါတလေလည်း သူတို့က အခေါ်အဝေါ်တွေပြောင်းပြီး ရွဲ့တတ်ကြသေး။
အိမ်ပြန်ရောက်တော့ ဒေါ်ခင်ထားက ဖုန်းလှမ်းဆက်ပြီမို့ လောင်းကစားရုံသို့ ပိုက်ဆံယူကာ လိုက်လာခဲ့သည်။
လောင်းကစားရုံသို့သူလာရတာ မနှစ်မြို့။သူ့အဒေါ်မိန်းမသားက လာရဲတာ အံ့ဩမဆုံး ။
သူရောက်ဖူးတာ ၂ခေါက် ၃ခေါက် မကတော့
ဒါတောင်သူကြောက္နေတုန်း။မြင်ရတဲ့မြင်ကွင်းတွေကလည်း စိတ်ပျက်ချင်စရာ။
မိန်းကလေးတွေကလည်း ပေါ်ပင်အ၀တ်အစားတွေ၀တ်ကာ ကြီးငယ်မရွေး ဘဲတွေနားရစ်ကာ၀ဲနေသည်။မူးယစ်ဆေး၀ါးလားအကုန်ရမယ် အပျော်လားအကုန်ရှိသည်။
ဘာမှမတွေးတော့ပဲ ရှေ့တည့်တည့်ကြည့်ကာ ၀င်လာခဲ့တော့သည်။