❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၃၇
ပျော်ရွှင်စွာစုပေါင်းလုပ်ဆောင်ကြရင်း မိဖူးတို့တစ်သိုက်ပျော်ရွှင်နေကြသည်။
ထိုထဲမှ စိတ်မကြည်သူက အလင်းသစ်
"ဟဲ့ သစ် ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"
"ကောင်းတယ် ဖုန်းခေါ်မရလို့"
"ဪ....ဘာဖြစ်တာလဲလို့ စိတ်ညစ်စရာတွေခေါင်းထဲက ထုတ်လိုက် လာပါ တူတူပျော်ရအောင်"
မိဖူးနောက် လိုက်သွားခဲ့သော်လည်း စိတ်ကတော့ တစ်ယောက်သောသူဆီပင်။
"boss"
"ဘာလဲ စိုင်း"
"ဒီနေ့ အရေးကြီးဧည့်သည်တွေနဲ့တွေ့စရာရှိတယ်"
"အင်း ဉီးအဂ္ဂမလား"
"ဟုတ်"
"boss သတိထားရမယ်နော် သူတို့က တော်ရုံမဟုတ်ဘူး"
"မြွေ မြွေချင်း ငါခြေမြင်ပါတယ် စိုင်းရယ် ဒီညနေစီစဉ္လိုက် အကောင်းဆုံးတွေပဲပြင်ဆင်ထား အစစအရာရာ"
"သဘောပေါက်ပါတယ် boss ခုတော့ စာချုပ်တွေ စစ်လိုက်ပါအုန်း"
"မင်းပဲ ကြည့်လုပ်ကွာ ငါစိတ်မပါဘူးဖြစ်နေတယ်"
"boss စိတ်ကြည်အောင် ဒီည clubသွားပါလား"
"အင်းကောင်းသား သီဟတို့ပါ လှမ်းခေါ်ရမယ်"
ဒီညတော့ မေ့မေ့ပျောက်ပျောက်ဖြစ်အောင်သောက်ပစ်လိုက္မယ်။
ညနေဆည်းဆာချိန်မှာတော့ အဆင့်အတန်းမြင့်မားလှတဲ့ နာမည်ကြီးဟိုလ်တယ်တွင် စီးပွားရေးပြိုင်ဖက်ဖြစ်တဲ့ ဉီးအဂ္ဂဆိုသူနဲ့ရင်ဆိုင်ရမည်။
ထိပ်သီးစီးပွားရေးသမားတွေချည်းမို့ ပွဲကတော့လှမည်။
မာန် ၀င်လာချိန်မှာတော့ ဆိုဖာပေါ်တွင် ဂုဏ်ရိှန်အပြည့် စမတ်ကျစွာထိုင်နေသော ဉီးအဂ္ဂကို တော်ရုံလူဆို အမြင်နဲ့တင် ကြောက်ရွံ့နိုင်သည်။
တန်ဖိုးကြီး ဆေးလိပ်ကိုခဲကာ အသက္မပါသောအပြုံးကို ဖော်ညွှန်းနေသည်။