❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၄၃
မနက်ခင်းမှာတော့ ဘေးကအနွေးဓာတ်လေးမရှိ၍ မာန် နိုးလာခဲ့သည်။
မျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ ဘေးမှာလစ်ဟာနေတဲ့ကွက်လပ်လေး
ဘယ်များသွားတာလိမ့်?မာန် အောက်ထပ်သို့ဆင်းလာတော့ မီးဖိုချောင်ထဲမှာ
နံနက်စာပြင်နေသော ကျွန်တော့်အဆိုးလေး။"ကလေးငယ်လေးက အစောကြီးနိုးနေတာလား"
"အင်း ကိုကို"
"ကိုကိုပြန်လာမယ် မျက်နှာသစ်လိုက်အုန်းမယ်"
"အ၀တ်ပါတခါတည်း လဲလာနော် သစ်တို့လျောက်လည်ရအောင်ဒီနေ့"
"ok 5မိနစ်ပဲစောင့်"
မာန်ကတော့ပျော်ရွှင်စွာပြေးတက်သွားခဲ့သည်။
သူအတွက် နောက်ဆုံးနေ့ဆိုတာသူမသိဘူးလေ။
ဒီနံနက်စာလေးကလည်း သစ်နောက်ဆုံးပြင်ပေးခြင်းသာ။"ဗိုက်ကိုတင်းသွားတာပဲ ဒီနေ့မှပိုစားကောင်းနေသလိုပဲ ကလေးငယ်ကအချစ်တွေထည့်ထားလို့ထင်တယ်"
"ဒါပေါ့"
"ကိုယ်တို့ ဘယ်သွားကြမလဲ"
"အရင်ဆုံးရုပ်ရှင်သွားကြာ့်ရအောင် ပြီးရင်ကစားကွင်းသွားမယ်"
"ဟုတ်ပြီ သွားမယ်"
"အလုပ်ကရောဖြစ်ပါ့မလဲ"
"ကိုယ့်မှ ကလေးငယ်လောက်ဘယ်အရာမှအရေးမကြီးဘူး "
ထိုစကားလေးကြောင့်ရင်ထဲနွေးထွေးသွားရတာတော့အမှန်။
ရုပ်ရှင်ရုံသို့ဉီးတည်၀င်လိုက်ပြီး လက္မှတ်ဖြတ်လိုက်သည်။
တကယ်တော့ မာန်ရုပ်ရှင်ရုံထဲမှာလူအများကြီးနှင့်ကြည့်ရတာမကြိုက်ပါ။ မာန်အရင်ကသူငယ်ချင်းတွေရဲ့ဆွဲဆောင်မှုကြောင့် ရုပ်ရှင်ရုံသို့ရောက်ခဲ့ရင်လည်း
မကြည့်ဘဲ အိပ်သည်ကများသည်။သူတို့အခုကြည့်နေတဲ့ကားက တကယ်ချစ်တဲ့သူတွေ အကြောင်းတစ်ခုခုကြောင့် ကွဲကွာခဲ့ရတဲ့အဖြစ်ရယ်။
ကလေးငယ် ငြိမ်နေတာကြောင့် မာန်လည်းလှည့်ကြည့်မိသည်။