❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၄၂
" ကျွန်တော့်ကို တွေ့ချင်လို့ဟုတ်လားဟင်"
"အန်ကယ် စကားနည်းနည်းပြောချင်လို့ပါ"
"ဟုတ်"
"သစ် ငါလည်းလိုက္မယ်"
"ခဏပါပဲ မိန်းကလေး မင်းသူငယ်ချင်းကိုစိတ်ချပါ"
"ငါပြန်လာမှာပါဟာ"
"အင်း"
သစ်ကို ကားနဲ့ဘယ်ဆီမှန်းမသိ ခေါ်သွားလေတော့ မိဖူး စိတ်ပူမိတာအမှန်ပါ။
"ကိုသော့်ပြောရင်ကောင်းမလား ဟာမဖြစ်သေးဘူး ကိုမာန်ရော ပိုဆိုး"
ခြေမကိုင်မိ လက္မကိုင်မိဖြစ်နေတဲ့ မိဖူးစိတ်ထိန်းကာ
ဆုံးဖြတ်လိုက်သည်။"ငါလိုက်လာမယ် သစ်"
မိဖူး ဘေးက စက်ဘီးဆွဲယူကာ အမြန်လိုက်ခဲ့သည်။
မကြာပါဘူး သစ်ကိုခေါ်သွားတဲ့ကားအကောင်းစားကြီးကိုတွေ့ပါပြီလေ။
Us love စားသောက်ဆိုင်ကြီးအား လှလှပပတွေ့ခဲ့ရသည်။
အခြေအနေရှိုးလိုက်တော့ VIP အခန်းထဲ၀င်သွားကြသည်။အခန်း၀မှာလည်း အစောင့်လိုလိုလူတွေ
ဘယ်လိုလုပ်ရပါ့မလဲ။အပြင်စားပွဲမှာ အကြံအိုက်နေတုန်း
"အမ မိဖူးမလား"
"ဟယ် ဇွဲထက် နင်ကဒီမှာလား"
"ဟုတယ် ဒီဆိုင်မှာလုပ်တာ အမဘာမှာမလဲ"
"သိပြီ"
"ဘာမှာမလဲ"
"နေစမ်းပါဟယ် ငါ့ကိုတစ်ခုကူညီ"
"ဘာပြန်ရမှာလဲ"
"သေနာလေး နင်ကအမြဲအဲ့လိုပဲ"
"စတာပါ အမရယ် ပြောဘာကူညီရမလဲ"
"နင် ဟိုVIPအခန်းထဲကို စားစရာသွားချပေးပါလားပြီးရင် သူတို့ဘာပြောတယ်ဆိုတာ videoရိုက်ပေးပါလား"
"ဟာ အမကလည်း အခုချိန်မ၀င်ရဘူး အဲ့လူတွေက ဘာတွေလည်းတော့မသိဘူး သူဌေးက အနားတောင်မ၀င်ရဘူးတဲ့ အရေးကြီးလို့တဲ့"