❤️ ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၁၅
"ကိုကို ဒီနေ့စျေးဘက်သွားရအောင်"
"၀ယ်စရာရှိလို့လား ကလေး"
"သားသွားကြည့်ချင်လို့ လိုက်ပို့နော် ကိုကိုနော်"
"လူတွေဒီလောက်ရှုပ်နေတာကို စျေးက"
"ကိုကိုကလည်းလိုက်ပို့ပါနော်"
"သွားချင်လား"
"အင်း"
"လွယ်လွယ်နဲ့တော့ဘယ်လိုက်ပို့မလဲ တခုခုတော့ပြန်ပေးရမယ်လေ မဟုဘူးလား"
"သား ဘာပေးရမလဲပြော"
"အာဘွား"
ပါးတစ်ဖက်ဖောင်းပေးလိုက်တော့ ကလေးငယ်တစ်ယောက်ရှက်နေတာကို သူသိတယ်လေ သိလို့လည်း သူ တမင်သက်သက်လိုက်စ နေခြင်းဖြစ်သည်။
"ဘာလဲ ရှက်နေတုန်းလားခုထိ"
"ရှက်ပါဘူး"
"ရှက်ပါတယ်ကွာ ကြည့်ပါအုန်းနီရဲနေတာ"
"ရှက်ပါဘူးဆို"
"ရှက်နေပါတယ်"
"တော်ပီကွာ သွားတော့မယ်"
"ဟိတ်.....ဟိတ် ဘာလို့ ညာပြီးထွက်သွားဖို့လုပ်နေတာလဲ ကတိပေးထားတာလေ ခုပေးတော့ အာဘွား"
"နောက္မှယူတော့"
"မရပါဘူး ခုပဲလိုချင်တာ"
"မျက်လုံးမှိတ်ထား "
"ဟုတ်ပါပြီဗျာ"
ပါးလေးနွေးခနဲဖြစ်သွားတော့မျက်လုံးဖွင့်ကြည့်တော့ မပေးရဲပေးနေ တဲ့အနမ်းလေး။
ပြန် နမ်းရှိုက်လိုက်တော့ သစ်တစ်ကိုယ်လုံးတုန်သွားသည်။ ချိုမြိန်တဲ့အနမ်းကို မလွှတ်ချင်။ ပျားရည်ထက်ပင်ချိုနေတဲ့ ကလေးငယ်ရဲ့နှာခမ်းပါးကို လွှတ်လိုက်ရမှာတောင် ဆိုးလှတယ်။
"ကိုကို သားတို့ ဘာနဲ့သွားမှာလဲ"
"ဟိုမှာ"
"ဝိုး........ဆိုင်ကယ်နဲ့လား မိုက်တယ်"
"ပျော်လား "