❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၁၇
🔞🔞🔞+အခန်းများပါ၀င်သောေြကာင့ြ္ကိုက္မှဖတ်နော်
တောင်းဆိုလို့သာရေးပေးရတယ် ဆီးချိုကြောက်သား😁😁😁😁😁😁"ကလေးငယ် ကိုကိုတို့ လှေစီးရအောင် "
'စီးချင်ဘူး"
"ဟာ ကလေးကလည်းလာပါ"
"သားရေကူးမှာ "
"နောက္မှကူးလေ နော့်"
"ပြီးရော"
ကလေးငယ်ကိုမရမကခေါ်ပြီး လှေပေါ်တက်ကာ လှော်ခတ်လိုက်သည်။ ကျယ်ပြောပါတယ် အ မှန်ပါပဲ ပင်လယ်ကျယ်ကြီးဆီကို နှလုံးသားနီးကပ်သူနှစ်ဉီးချီတက်လာလေပြီ။ ဘယ်သူခွဲခွဲတို့မခွဲနဲ့ ကလေးငယ်ရဲ့ အာလုပ်စကားလေးတွေကို ကျွန်ေတာ်သာယာမိနေပြီ အမြစ်တွယ်မိနေပြီထင်ပါရဲ့။
လှေစီးရင်း ကျွန်တော်ကြားဖူးထားတဲ့သီချင်းလေးတစ်ပုဒ်တောင် သတိရမိတယ်
🎼🎼လှေဉီးထိပ်မှာကြင်နာသူလေးပါလာခဲ့ရင် သူဒီလောက်အားငယ်မယ်မထင်ပါ ...............🎼🎼
ဟုတ်ပါတယ် ကျွန်တော့်ရဲ့လှေဉီးထိပ်မှာ ကျွန်တော့်ရဲ့ကြင်နာသူလေးပါလာတယ်လေ ကြမ်းတမ်းတဲ့လေဆိုလည်းကျွန်တော်မမှုတော့ပါဘူး........
ကမ်းစပ်ပြန်ရောက်တော့ ဖြတ်သွားဖြတ်လာအချို့နှင့် ဟိုနားတစု ဒီနားတစ်စု ကောင်မလေးများကောင်လေးများ ရှိနေသည်။
"ကလေးငယ်ရေကူးဖို့ဆို"
" အင်း"
ကိုကို သူ့ခန္ဓာကိုယ်တုတ်ခိုင်မှုကိုပြချင်နေသလား ထင်မှတ်ရအောင် ၀တ်ထားသော shirt အား ချွတ်လိုက်သည်။ ဘေးနားမှ ကောင်မလေးများရဲ့ မျက်လုံးပေါင်းများစွာက ကိုကိုရဲ့ ကြီးမားကျယ်ပြန့်သော ရင်အုပ်ဆီသို့ ဒါတင်မကသေး တောင့်တင်းခိုင်မာသော ကြွက်သားကြီးများကလည်း အထင်းသား လက်ချောင်းများရဲ့သွေးကြောများကလည်း အတိုင်းသား ကိုကို့ဆီအကြည့်ပေါင်းစုံ ပြောဆိုမှု ပေါင်းစုံတွေက အမြင်ကပ်စရာအပြည့်။
သစ်လည်းအညိုးနဲ့ တန်ပြန်စစ်ခင်းတော့မယ်လေ...
"ဟွန်း......သူ့ခန္ဓာကိုယ်ကိုကြွားနေတာ ဟိုကောင်မလေးတွေကလည်း မိန်းမလေးတွေဖြစ်ပြီး သိက္ခာကိုမရှိဘူး သ၀န်တိုအောင် သက်သက်လုပ်ပြနေတယ်အဲ့တစ်ယောက်ကလည်း ဘယ်ရမလဲ သူသ၀န်တိုအောင်ပြန်လုပ်ရမယ်"