❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၂၉
"လာကြပြီလား လာကြကွာ"
"လွန်းက အကုန်ပြင်ပြီးစောင့်နေတာဟ မောင်မင်းကြီးသားတွေကို ကျွန်မကစောင့်နေရတာ!"
"အေးပါ ဒေါ်လွန်းစိန်ရယ် ငါတို့လည်းလာတာပဲ
လာခါနီးမှ အလုပ်လေးပေါ်သွားလို့ပါဟာ""အေးပါဟယ် နင်တို့ဆိုသည်မှာလည်း ပြောဖို့ချည်ပဲ"
"ဟေ့ကောင် မာန် ဘာတွေစီစဉ္ထားလဲ"
"ရှယ်ပေါ့ကွ"
ကိုကိုနဲ့ရွယ်တူ အမျိုးသား ၃ ဉီးရောက်လာပြီး စကားတွေဖောင်ဖွဲ့နေကြတာ သစ်တောင် သတိမရ။
အလွန်ရင်းနှီးကြတဲ့ပုံပေါ်နေကြသည်။
လွန်း ဆိုသည့် အစ်မနဲ့လည်း ရင်းနှီးစွာ ပြောဆိုနေကြတာ ပြောမနာဆိုမနာတွေအတိုင်းပင်။
သစ် နားမလည်သော လုပ်ငန်းများအကြောင်းပြော
နေကြတော့ သစ်ငြီးငွေ့လာသည်။သစ် ထိုင်ရာမှထကာ သောက်စရာတစ်ခုခု သွားယူလိုက်သည်။
"ဟေ့ကောင် မာန် အဲ့ကလေးက မင်းပြောပြောနေတဲ့ ကလေးလား"
"အင်း ဘယ်လိုလဲချစ်ဖို့ကောင်းလား"
"မင်းသိပ်ရွေးတတ်တယ်ကွာ"
"မင်းတို့၂ကောင်ဘာတွေတိုးတိုးပြောနေတာလဲ"
အနားတိုးကပ်လာသော ကောင်းပိုင် ကို မာန်မျက်နှာမေးထိုးပြလိုက်တော့ သဘောပေါက်သွားဟန်ဖြင့် ပြုံးပြုံးကြီးကြည့်နေသည်။
"ဘာတွေပြောနေကြတာလဲ လွန်းကိုလည်းပြောကြပါအုန်း"
ကလေးငယ်ကိုကြည့်ကာ တိုးတိတ်စွာပြောဆိုနေကြသည်မို့ လွန်း မေးလိုက်ခြင်းပင်။
"ဘာမှမဟုတ်ပါဘူး လွန်း"
ကလေးငယ်ကို မာန်ကြည့်လိုက်တော့ စားစရာတစ်ခုခုကိုရွေးနေသည်။ မာန် ထိုင်နေရာမှထသွားကာ ကလေးငယ်ဆီသို့ သွားလိုက်သည်။
မာန် သစ်ဆီသို့ သွားသည်ကို လွန်းမှလွဲ၍ ကျန်သူများက ပြုံးစိစိ။