❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၃၁
"ကလေး ဒီနေ့ဘယ်သွားမလဲ ဘယ်သွားချင်လဲ!"
"သားကျောင်းသွားရမယ်လေ"
"မသွားရတော့ဘူး ကိုကိုခွင့်တိုင်ပြီးပြီ"
"ဟူတ်လား "
"အင်း"
"သားတို့ဘယ်သွားမှာလဲ"
"စျေးထွက်၀ယ်ရအောင် ကလေးငယ်လိုချင်တာ အကုန်၀ယ်ပေးမယ်"
"တကယ်လား"
"သေချာတာပေါ့"
"ဟဲဟဲ သားလိုချင်တာအများကြီး အကုန်၀ယ်ပေးမှာလား"
"babyလိုချင်တာအကုန်ုဖြစ်စေရမယ်"
"နောက္မှ ပူဆာလွန်းတယ်မပြောနဲ့ "
"ဟုတ်ပါပြီ အခု၉နာရီရှိနေပြီ ခဏအိပ်လိုက်နော် ကိုကို ထမင်းစားဖို့တစ်ခုခုသွားလုပ်လိုက္အုန်းမယ်နော်"
"သားလည်းလုပ်ပေးမယ်လေ"
"အိပ်လိုက်ပါကလေးရယ် ညကပင်ပန်းထားတယ်လေ"
"ကိုကိုကလည်း"
"အိပ်နော်..............ပြွတ်"
အနမ်းတစ်ပွင့်ချွေရင်း အခန်းထဲမှထွက်လာခဲ့သည်။
စားသောက်ဖွယ်ရာများပြင်ဆင်ပြီးချိန်ရောက်တော့
ရေချိုးလိုက်တော့ လန်းဆန်းသွားခဲ့သည်။ပြီးတဲ့နောက် တာ၀န်ကတော့ အိပ်ပုတ်လေးအားနိုးရန်ဖြစ်သည်။
အခန်းထဲ၀င်လိုက်တော့ ကုတင်ပေါ်စောင်ပုံကြားတွင်
ပျောက်လုနီးပါးခေါင်းကိုဖွတ်ကာ အိပ်နေသော ကလေးငယ်လေးကိုမြင်လိုက်သည်။"အိပ်ပုတ်လေး မထသေးဘူးလားဟင် ထတော့"
"အင်း......"
"မနက်စာ အဆင်သင့်ပါဗျာ"
"သားကိုချီ"
လက်နှစ်ဖက်ဆန့်တန်းကာ မြှောက်ပြလာသော ကလေးငယ်ကို ပွေ့ချီလိုက်သည်။
"အားဂူး တဖြေးဖြေး၀က်ပေါက်လေးဖြစ်လာပြီ ချီတာတောင်မနိုင်တော့ဘူး"