❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၅၈
မင်းသော်တာရဲ့ စျပန အားကျင်းပပြီးတော့ ကလေး၂ယောက်ကို စိတ်အပန်းဖြေစေလို၍ ခရီးတစ်ခုထွက်ရန်ပြင်ဆင်လိုက်သည်။
"ကလေးငယ် နဲ့မိဖူး ကိုယ်တို့ခရီးထွက်ရအောင်
ပင်ပန်းတာတွေပျောက်အောင်လေ""မိဖူးတစ်နေရာသွားချင်တယ် "
"ဘယ်နေရာလဲ "
"ပင်လယ်ကျွန်းပေါ်"
"ကလေးငယ်ရော ဘယ်နေရာလဲ"
"မိဖူးသွားတဲ့နေရာသွားမယ်"
"ဟုတ်ပြီ မိဖူးအခုပြန်ပြီး အ၀တ်အစားတွေစီစဉ္ထား ပြီးရင် လာခေါ်မယ်"
"ဘယ်ချိန်သွားမှာလဲ"
'"မနက်အစောကြီး ဒါကြောင့် ဒီညကိုယ့်တို့အိမ်မှာပဲလာအိပ် ကိုယ် မိဖူးမိဘတွေကိုပြောထားမယ်"
"ဟုတ် ဒါဆိုပြန်ပြီနော်သစ်"
"အေး"
"ကလေးငယ်လေး ကိုကို့ဆီလာပါအုန်း"
မာန် လက်ဆန့်ပေးထားတဲ့အတိုင်း ရင်ခွင်ထဲတိုး၀င်မိလေသည်။
မာန်လည်း ရင်ခွင်ထဲက အကောင်ပေါက္လေးကို ပေါင်ပေါ်သို့ ပြောင်းကာချီလိုက်သည်။"ကိုကို......babyချစ်တဲ့သူတွေက babyကိုခွဲသွားကြတယ် မိဖူးလည်းနောက်တစ်ပတ်နေရင် အမေရိကသွားတော့မှာ babyမှာ ကိုကိုပဲရှိတော့တာမို့ babyကိုမထားသွားနဲ့နော် "
"ကိုကိုက ဘယ်တော့မှထားသွားမှာမဟူတ်လို့ babyခေါင်းထဲအဲ့အတွေးတွေမထည့်စေချင်ဘူး
ကလေးငယ် ဘယ်ကိုပဲပြေးပြေး ကိုကို့ကအမြဲလိုက်နေမှာမို့ ဘယ်တော့မှမထားခဲ့ဘူး မခွဲဘူး
ကိုယ့်ရင်ထဲ မင်းလေးတစ်ယောက်ပဲနေရာယူထားတာ""babyက ကိုကိုရိုးအီသွားမှာကြောက္နေတာ"
"ကိုယ့်ကလေးလေးကို ဘယ်တုန်းကမှ မရိုးအီသလို ဘယ်တုန်းကမှလဲ မငြီးငွေ့ဘူး မင်းလေးကကိုယ့်ဘ၀ရဲ့ လမ်းပြကြယ်လေးပါ ကလေးငယ်"
"ချစ်တယ်နော် ကိုကို ထာ၀ရချစ်မှာမို့ babyလက်ကိုဆွဲကိုင်ထားပေးပါ"
![](https://img.wattpad.com/cover/318440702-288-k638537.jpg)