❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၃၂
"မိဖူး ခဏလေးနော် ကိုကို့ကိုဖုန်းခေါ်မလို့"
"ဘာလုပ်ဖို့လဲ"
"ဘာမှမဟုတ်ဘူး "
ဖုန်းဆက်တဲ့အခါ လူကြီးမင်းနဲ့သာတိုးနေတာကြောင့်
သစ်စိတ်ညစ်မိသည်။"ဟဲ့ ခေါ်မရဘူးလား"
"အလုပ်ရှုပ်နေတယ်ထင်တယ်"
"ကိုသော်လာပြီ"
"ဘာတွေပြောနေကြတာလဲ"
"သစ်ပေါ့ သူ့ဘဲကိုဖုန်းခေါ်မရလို့တဲ့"
"ဟုတ်လား သစ်"
"အင်း မအားလို့ထင်တယ်"
"ပြီးမှဆက် အရင်မုန့်စားကြမယ် ကိုသော်မုန့်ယူလာတယ်"
"wow.......ကိုတော်ကအတော်ဆုံးပဲ"
"မိဖူးမ မုန့်မျက်နှာလိုက်တယ်!
"ဘာဖြစ်လဲ ကိုသော်ကကျွေးလို့စားတာပဲဟာ"
"ကဲကဲ စားကြစားကြ"
"ဟုတ်"
"ရော့ သစ်ဒါလေးစား"
ကိုသော် သစ်ကို မုန့်ထည့်ပေးစဉ္မှာပဲ သစ်ဖုန်းလေးလာခဲ့သည်။
"ခဏလေးနော် ဖုန်းလာလို့"
ကိုသော်မျက်နှာအရောင်ပြောင်းကာ ခေါင်းငြိမ့်လိုက်သည်။
"ဘယ်သူလဲ"
မိဖူးရဲ့ စပ်စုမှုတွေက မထိန်းနိုင်။
သစ်လည်း မျက်လုံးမိှန်ပြပြိး စားပွဲကနေ အနည်းငယ်ေ၀းတဲ့နေရာသို့ သွားလိုက်သည်။
စားပွဲတွင် ၂ ဉီးတည်းကျန်ရှိချိန်မှာတော့ မိဖူးလက်ရှိကိုအသုံးချရမည်။
"သစ်တို့များနော် ကိုမာန့်ကို သိပ်ချစ်တာပဲ ဖုန်းလာလို့ပျော်သွားတဲ့ရုပ်နဲ့ ခုနကဖုန်းခေ့ါ်မရလို့ ဖြစ်နေတဲ့ရုပ်က တစ်ခြားဆီ"
မာန်ကတော့ မျက်နှာတည်တည်ဖြင့် ဖုန်းပြောကာ ရယ်မောနေသော သစ်ကို စိုက်ကြည့်နေသည်။