❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၃၉
သာယာပါတယ်ဆိုတဲ့လောကကြီးရယ် ကျယ်ပြောလှတဲ့ကောင်းကင်ကြီးရယ် ဘယ်သူကများဆေးရောင်စုံတွေရေးဆွဲထားကြပါလိမ့်။
လူလူချင်း ချစ်ခြင်းမေတ္တာတွေထားရမယ်လို့
ဘယ်သူရော စတင်ခဲ့တာလည်း။အမှောင်ထုကို ကြီးစိုးနိုင်တာ အလင်းရောင်၊
ကျွန်တော့်ကို စိုးမိုးနိုင်တာ တစ်ယောက်ပဲရှိတယ်
ထိုလူသားက ကျွန်ေတာ်သိပ်ချစ်ရတဲ့ ကိုကို။လက်ထပ်ထိမ်းမြားခြင်း စေ့စပ်မှုတွေမလိုပါဘူး
ကိုကိုဘေးနား ရှိနေရတာနဲ့ကို ကျေနပ်နေတာ။
လက်ထပ်တာဟာ စိတ်ချယုံကြည်ခြင်းတဲ့
အဲ့အရာတွေမလိုအောင်ကို ယုံကြည်မှုတွေနဲ့နှလုံးသားတစ်ခုလုံးပေးဆပ်ပြီးသား။အိမ်ရှေ့ကို အနီရောင်ကားလှလှလေးတစ်စီး ၀င်ရောင်လာခဲ့သည်။
"မမ မိုး"
မိုးမဒီနာမည်ခေါ်ကာ အိမ်ထဲ၀င်လာသော ထိုမိန်းကလေး။
"ဟယ် လွန်းလာလေ"
"ကိုမာန်ရော"
"မာန်လား အပေါ်မှာ ကုမ္မဏီသွားဖို့ပြင်နေတယ်"
"လွန်းက အိမ်မှာထမင်းစားဖိတ်မလို့လာခေါ်တာ မမရော မာန်ရော လိုက်ခဲ့ရမယ်"
"မမက ကိစ္စမရှိဘူး မာန်ကအရေးကြီးစည်းေ၀းရှိတယ်တဲ့ "
"ဟုတ်လား လွန်းက လာစေချင်တာ"
"ဘာလဲမမ"
"ဪ မာန်"
"ကိုမာန် လွန်းအိမ်မှာ ထမင်းစားဖိတ်မလို့လာနော် သူစိမ်းမှမဟုတ်တာ "
"ကိုယ်က စည်းေ၀းရှိတယ်လွန်းရဲ့ မမပဲခေါ်သွားနော်"
"ပြီးရော မမလိုက္မယ်မလား"
"လိုက္မှာပေါ့ ဒါနဲ့"
"ဘာလဲမမ"
"မောင်ငယ်လေးပါ ခေါ်သွားရမယ် သူဒီနေ့ကျောင်းမသွားဘူးမလား"
"သစ်ကိုပြောတာလားမမ"
"ဟုတ်တယ်လွန်း"
"ခေါ်လေ"