❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၃၅
မကြာပါဘူး မျှော်ရှာသူကြီးပေါ်တော်မူလာပါပြီ။
"မိဖူး"
"ဟယ် သစ်ငါကနင်မလာဘူးတောင်ထင်နေတာ"
"လာရမှာပေါ့ဟ ခဏနေဉီး နင်အုပ်ထိန်းသူလက္မှတ်ထိုးပြီးပြီလား"
"အင်းလေ ဖေဖေလာပို့တုန်းက တစ်ခါတည်းလက္မှတ္၀င်ထိုးသွားတာ"
"ဒါဆို ငါလက္မှတ်သွားထိုးအုန်းမယ်"
"ဟင် နင်အောင်မြင်ခဲ့တာလား "
"အေး"
"တကယ် ၀မ်းသာလိုက်တာဟာ"
"ကိုကို့ကို ခေါ်သွားလိုက်အုန်းမယ်"
"အေးအေး"
"လာ ကိုကို သွားရအောင်"
ထိုစကားတို့ကို မကြားချင်ဆုံးဖြစ်နေသူက
ကိုသော်ပင်။ရင်ထဲကို ၀င်ကြည့်လို့ရရင် ၀င်ကြည့်စေချင်တယ်
ကိုယ်ဖောက်ထားတဲ့လမ်းကို ချစ်တဲ့သူကို လျှောက်စေချင်ပင်မဲ့ ချစ်တဲ့သူက ကိုယ်မဟုတ်တဲ့
အခြားတစ်ယောက်နဲ့ လျှောက်လှမ်းနေတာကို
တွေ့မြင်နေရတဲ့ လမ်းဖောက်သူရင်ထဲ
ပျော်နေသင့်တာလား။"ကိုသော် သစ်လိုက္မယ်တဲ့ "
"အင်း"
သစ်တို့ပြန်အထွက်ကို မစောင့်တော့ဘူး။စောင့်နိုင်မဲ့ခွန်အားလည်းမရှိပါဘူး။ရေအိုင်ထဲက လရိပ်လေးကို ရယူလိုတဲ့ ကလေးငယ်အတိုင်းပါပဲ။
သစ်ပျော်ရွှင်စွာပြန်ထွက်လာခဲ့ပြီး ဘေးကပိုင်ဆိုင်သူကတော့ မပါသေး။
"ဟဲ့သစ် ကိုမာန်ရော"
"ကျောင်းအုပ်ကြီးနဲ့စကားပြောနေတယ်"
"ပြောစမ်းပါအုန်း ဘယ်လို အညာှကိုင်လိုက်လို့ လိုက်ဖို့ခွင့်ပြုလိုက်လဲလို့"
"ဟဲဟဲ ......ဒါက ဒီလိုရှိတယ်"
စပါပြီ မချိုမချင် အပြုံးဖြင့် မှိုရနေသော အလင်းသစ်ကို ပိတ်ရိုက်လိုက်တော့မှ ဒင်းလေးကငြိမ်ပြီးပြောသည်။