❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၂၆
"ကလေး လွန်းသောက်ဖို့တစ်ခုခုသွားယူပေးပါလားနော်"
"ဟုတ်"
သစ် တစ်ချက်ကြည့်ကာ မီးဖိုချောင်ထဲ၀င်သွားလေသည်။
်
"ကိုမာန် ဘယ်လိုတွေဖြစ်တာလဲ ကလေးလည်းမဟုတ်"
"မတော်တဆ ဖြစ်သွားတာပါ လွန်းရယ်"
"ပြပါအုန်း လွန်းကြည့်အုန်းမယ်"
လွန်းကို ဒဏ်ရာပြနေတုန်း ကလေးငယ်လေးက နံရံကွယ်လေးကနေ ချောင်းကြည့်နေခဲ့သည်။
"ဒဏ်ရာက နည်းနည်းလေးတော့များတယ်နော် ဆေးခန်းသွားမလား"
"နောက္မှသွားမယ် ရပါတယ် ခံနိုင်ရည်ရှိပါတယ်"
"လိုတာရှိရင် လွန်းကိုပြောနော် "
'အင်းပါ"
"ဒါဆို လွန်းပြန်မယ် ညနေမှထပ်လာခဲ့မယ် အခုက အလုပ်လေးရှိသေးလို့"
"ရပါတယ် လွန်းရယ် အလုပ်ရှိရင်မလာပါနဲ့"
"သွားပြီနော်"
သစ်ထွက်လာတော့။
"ဪ ဒီကချာတိတ် တို့နာမည်က ခေတ်လွန်းမေပါ ဒီက....."
"သားက အလင်းသစ်ပါ"
"အင်း ကိုမာန်ကိုဂရုစိုက်ပေးနော်"
မထီသောအပြုံးဖြင့် ပြုံးပြသွားသော လွန်းကို သစ်နားလည်ရခက်နေပါပြီ။
"ကလေးငယ်"
"ဗျာ ကိုကို ဘာလိုချင်လို့လဲ"
"ကိုကို အပေါ်တက်ချင်လို့'"
"သားတွဲပေးမယ်"
"ကလေးငယ်လေးက သိပ်အားကိုးရတာပဲကွာ"
"အပိုတွေ ခုနက အမနဲ့ကျတော့ အပြောကလွန်းချွန်းလို့ "
"မဟုတ်ပါဘူးကွာ သူကလုပ်ငန်းအရ ပါတနာမို့ပါ"
"သိပါဘူး သူနဲ့ပဲသာယာနေတာမှတ်လို"
ပါးစပ်က ပွစိပွစိပြောကာ ကုတင်ပေါ်ဖြေးညင်းစွာ
ခန္ဓာကိုယ်အားချပေးနေသော သစ်လေးက တခါတလေ လူကြီးလေးသဖွယ်။
![](https://img.wattpad.com/cover/318440702-288-k638537.jpg)