❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၄၄
တစ်၀က်က သူ့ကိုလိုချင်နေပင်မဲ့ ကျန်တစ်၀က်ကမေ့ပစ်လိုက်တော့ပြောနေတယ်။သူ့ဆီက ထွက်ပြေးခဲ့မိတယ်။ကိုယ်ဟာပျော့ညံ့လွန်းတာလား။
သူမရှိလည်းကျွန်တော်နေနိုင်အောင် ကြိုးစားမယ် ငါရင်ခုန်ခုန်ခဲ့တဲ့သူ့ရဲ့ မျက်၀န်းတွေ မရှိတဲ့နေရာမှာ
ငါမရှိလည်း သူနေနိုင်မှာပါ။"သစ် နင်ဘယ်မှာနေမလဲ"
"မိဖူး၀င်လာတာတောင် မသိလိုက်ဘူး
ငါလား အဆောင်ရှာမယ် ပြီးရင်အလုပ်ရှာမယ်!"ငါနဲ့နေလို့ရပါတယ်ဟာ မေမေတို့ကလည်း နင့်ကိုနေခိုင်းနေတာပဲ"
"ငါ့အတွက်နဲ့ဒုက္ခမပေးချင်ပါဘူးဟာ ကျေးဇူးပါ"
"ဒါဆိုလည်း ငါလိုက်ပေးမယ် နင်အလုပ်ရှာရင်"
"ရပါတယ်ဟာ "
"တိတ် မကြားချင်ဘူး လိုက္မှာပဲ"
ကိုယ်တို့ရဲ့ Conversation လေးအေးစက်သွားပြီလား ကလေးငယ်။
ကိုယ့်မှာ စကားပြောမဲ့မင်းလေးမှမရှိတော့တာ ပြီးတော့
ကိုယ်သိနေတယ် မင်းလေးအဲ့လိုရည်ရွယ်ခဲ့တာမဟုတ်မှန်းလည်းသိနေတယ်။
မင်းလိမ်နေတယ်ဆိုတာ မင်းလေးမျက်၀န်းတွေကပြောနေတယ်လေ။နာကျင်လွန်းလို့ မေ့ပစ်လိုက်ချင်တယ်။ မင်းလေးနဲ့ခဏလေးတောင်မခွဲနိုင်တဲ့ ကိုယ့်ကို မငဲ့တော့ဘူးလား။
မင်းလေးမကြိုက်တာမလုပ်တော့ဘူးနော် ပြန်လာပေးပါ ကလေးရယ်။လွမ်းတယ်ဆိုတဲ့ဒဏ်ကို နည်းနည်းလေးမှ မခံစားနိုင်လို့ပါကွာ။မိုးလင်းတယ်ဆိုရင်ပဲ မျက်ရည်နဲ့ မနက်ခင်းကိုစတင်လိုက်သည်။
မဟုတ်ဘူး အဲ့တာတွေက အိမ်မက္ တွေ ကြောက်လွန်းလို့ မျက်လုံးမဖွင့်ရဲဘူး ဘေးမှာ ကလေးငယ်မရှိဘူးဆိုတဲ့ အတွေးကို ကြောက်လွန်းလို့ ဖွင့်မကြည့်ချင်ဘူး။
"boss ကုမ္မဏီသွားမလား"
တံခါး၀က စိုင်းရဲ့အသံကြောင့် မဖွင့်ချင်တဲ့ မျက်၀န်းလေး ပွင့်လာခဲ့သည်။
စိုင်းကို ပြန်မဖြေနိုင် ဘေးက ကွက်လပ်လေးအား
ကြည့်ကာ မျက်ရည်အသွင်သွင်ကျနေခဲ့သည်။