❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၆၀ final...(ဇာတ်သိမ်း)...........😘
မနက်ခင်း ေ၀ယံစီစဉ္ပေးသော မနက်စာကိုစားလိုက်ကြပြီးရွာဉီးကျောင်းသို့ထွက်လာခဲ့ကြသည်။
"ဒီရွာလေးက တကယ်သာယာတယ်နော် စိတ်ချမ်းသာတယ် ရွာကလူတွေလည်း ပျူငှာကြတယ်"
"အင်း ဒါမဲ့ စိမ်းမြတို့အုပ်စုနဲ့မတွေ့သေးလို့ပါနော်
သူတို့က တကယ်စိတ်ညစ်ရတယ် လူကိုအသေစတာ""ချစ်လို့နေမှာပေါ့ "
"သူတို့ချစ်တာချစ်မှာ သူတို့နဲ့နေရတာထွက်ပြေးရတာများတယ်"
"ဟားးဟား ဟုတ်လားဒီတခါ ကိုကို့ဆီပြေးလာ ဆုံးမပေးမယ်"
"အင်း တွေ့မယ် ဒီတခါ "
ဆူပုတ်ပုတ်လေးပြောနေသော ကလေးပေါက်လေးကို အသည်းတယားယားဖြစ်နေသည်။သူသာ လမ်းမှာမဟုတ်ရင် နမ်းမိမှာအခါခါ။
ရွာလည်နေသောစိတ်တွေ ရွာဉီးကျောင်းသို့ရောက်မှ အသိပြန်၀င်တော့သည်။
"ဟာ......ပေစိ အောင်အောင် ...ဖိုးသား"
"ကိုကြီးသစ် မလား"
"ဟုတ်တယ် "
ဘေးကနေ ရှေ့က ၁၃နှစ်လောက်ရှိမယ့်ကလေး၃ ယောက်ဆီအပြေးသွားသော ကျွန်တော့်ကလေးပေါက်လေးပါ။
"ကိုကြီးသစ် သားတို့နဲ့နေဖို့ပြန်လာတာလားဟင်"
"ငါမင်းတို့ကိုပစ်ထားမိတဲ့အတွက် တောင်းပန်ပါတယ်နော် ငါအခုခဏအလည်လာတာ"
"ဟာ..ကိုကြီးသစ်က သားတို့ကိုမေ့သွားတာပေါ့"
"မမေ့ပါဘူးကွာ အမြဲသတိရနေတာပါ"
"ဒါနဲ့ ကိုကြီးသစ် ဟိုကဘယ်သူတွေလဲဟင်"
"ဒါက ကိုကြီးသစ် သူငယ်ချင်းဖူးခက်နွယ်တဲ့
ဒါက မန်နေဂျာစိုင်း ကိုေ၀ယံကိုတော့မင်းတို့သိမှာပေါ့ ဒါက.........ဟို.....""ကိုယ်က သစ်အုပ်ထိန်းသူပါ"
လူကြီးလူကောင်းတို့ကိုရှင်းပြရခက်နေသော ကလေးပေါက်ကို ကူညီကာဖြေကြားလိုက်သည်။