❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၅၉
ထမင်းဝိုင်းရဲ့ ငြိမ်သက္မှုကို မာန့်ရဲ့ အမေးစကားနဲ့ ဖြိုခွဲလိုက်သည်။
"ေ၀ယံပြီးတာနဲ့ မင်းတန်းပြန်ဖို့လား ဒါဆိုငါတို့နဲ့လိုက်"
"မလိုက်တော့ပါ ဘူးကွာ ငါ ရွာတစ်ရွာကို၀င်ဖို့ရှိသေးတယ်ကွ "
"ဘယ်ရွာလဲကွ"
"လော်ဖန်းရွာပါကွာ ဆေးကုမလို့လေ"
လှုပ်စိစိဖြင့် စနောက်ရင်း ထမင်းစားနေကြသော ဘေးက ကလေးပေါက်၂ကောင်က ချက်ခြင်းဆိုသလိုငြိမ်ကျသွားခဲ့သည်။ဒါကို မာန်လည်း သတိထားမိခဲ့သည်။
ထမင်းပင်မစားနိုင်တော့ဘဲ မျက်လုံးအဝိုင်းသားနဲ့ ကလေးငယ်ရယ် ကလေးငယ်အားကြည့်နေသော မိဖူးကို မာန်မေးရန်ပြင်လိုက်သည်။
"ကလေးငယ် ဘာဖြစ်လို့လဲဟင်"
စိုင်းနဲ့ ေ၀ယံလည်း စိတ်၀င်စားစွာစောင့်ကြည့်နေကြသည်။
"ကိုကို........ကို........"
စကားကို ထေ့ငေါ့စွာပြောရင်း ငိုသံလေးစွတ်လာသဖြင့် မာန်ပြာယာခက်လာသည်။
"ဘာဖြစ်လို့လဲ ကလေးရယ် ကိုကိုစိတ်ပူလိုက်တာ
ပြောပြနော် "မျက်နှာလေးအားယုယစွာ ထွေးပွေ့ရင်း နှစ်သိမ့်ပေးလိုက်သည်။
"babyလေ........ဟင့် .....ဟို.."
အသက်၅နှစ်အရွယ်အတိတ်ကအချိန်တွေကို ပြန်လည်သတိရလာ၍ ပြောစရာစကားများထွက္မအောင်ကြောက်ရွံ့လာခဲ့သည်။သူ့ရှေ့မှာ မီးလောင်သေဆုံးနေကြသော သူငယ်ချင်းများရယ်။အဲ့ဒီကစ၍ရွာလေးအားရောက်ခဲ့သည်အား ပြောမထွက်ခဲ့။
ကျောပြင်လေးအား ပွတ်ပေးကာ ထွေးပွေ့ထားသည်။
"ok...okမပြောတော့နဲ့နော် ကလေးအဆင်မပြေရင် မပြောနဲ့နော်"
၀မ်းနည်းရိပ်သန်းနေသော ကလေးငယ်လေးရဲ့အတိတ်တွေကို သူဒီထက်ပိုသိအောင်ကြိုးစားတော့မည်။
မာန်မသိချင်လို့မဟုတ် ကလေးရဲ့ အတိတ်ဆိုးတွေကြောင့် သူ့ကိုယ်သူ အသုံးမကျမှန်းသိ၍ဖြစ်သည်။