❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၄
တစ်ပတ်တခါမှဘုရားကျောင်းလာသော ရန်က အခုဆိုတစ်နေ့တခါတောင်ရောက်တတ်နေပြီ။
လာတိုင်းလည်း ကလေးငယ်အတွက် Chocolate ပါလာနေုကြ ။သစ်လည်းရန်လာတိုင်းအပျော်တွေကပြောမပြတတ်အောင်ပင်။
ဒီနေ့လည်း ရန်လာမယ့်အချိန်ကို မိဖူးနဲ့အတူထွက်မျှော်နေကြတယ်လေ။
မိဖူးဆိုတာကတော့ သစ်ထက် ၁နှစ်ကြီးပင်မ့ဲ အရပ်အနည်းငယ်သာ သစ်ထက်ရှည်ပြီး သစ်ရဲ့အရင်းနှီးဆုံးသူငယ်ချင်း....
"သစ် နင့်ကိုကိုကလည်းကြာလိုက်တာ မလာတော့ဘူးလားမသိဘူး ကြာနေပြီ လာပါဟာ....ပြန်၀င်ရအောင်"
သစ်လည်းမိဖူးနဲ့ပြန်၀င်ဖို့အလုပ်..
"သစ်"
သစ်လှည့်ကြည့်တော့ နောက်ပါအရံတွေနဲ့ကားစီးလာတာာမဟုတ်ဘဲ ကိုယ်တိုင်စက်ဘီးလေးစီးလာတ့ဲ နေအား အ့ံဩစွာကြည့်နေမိသည်။
"ကိုကို ကစက်ဘီးစီးလာတယ်"
"အင်း"
"ဘာလို့လဲ အခြားသူတွေရောပါဘူးလား"
"မပါဘူး..တစ်ယောက်တည်းလာတာ သစ်နဲ့အတူစီးဖို့လေ.."
သစ်မျက်နှာမှာကြည်နူးမှုတို့အရောင်သန်းသွားသည်။
"မိဖူး ကရောဘာလုပ်ရမှာလဲ စောင့်လည်းပေးရသေးတယ်"
"မိဖူးအတွက်လည်းပါ ပါတယ်ဗျာ ဟိုမှာ..."
သစ်ပင်ခြေရင်းတွင်ရပ်ထားသော စက်ဘီးလေးတစ်စီး
"သားသားအတွက်ရော"
"သစ်လေးအတွက္မပါဘူး သစ်လေးက ကိုကို့နောက္မှာစီးရမှာ လာတက်..."
"သား မတက်တတ်ဘူး"
"ချီမှာပေါ့ဗျာ"
"သား တခါမှမစီးဘူးဖူး"
"ဟုတ်လား...ပြုတ်ကျမယ်ခါးကိုဖက်ထား"
သစ်လည်းတင်းကျပ်နေအောင်ခါးကိုဖက်ထားလိုက်သည်။
ရန်မျက်နှာတွင် သဘောကျနေမှုအပြည့်ဖြင့်စက်ဘီးနင်းနေလေသည်။
