❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၄၇
ဒီနေ့ဆိုင်မှာလုပ်ရတာ တစ်ခုမှ အဆင်မပြေ အကုန်ပလွဲလွဲအချော်ချော်။
တစ်ခုခုများဖြစ်မလား။
"သစ် နေမကောင်းဘူးလား "
"စိတ်လေးနေလို့ပါ"
"အေးပါ"
ကုမ္မဏီမှာတော့လချုပ်စာရင်းများ လက္မှတ်ထိုးနေစဉ္ အတွေးထဲ၀င်ရောက်လာသည်က ဓာတ်ပုံကိစ္စ။
"boss VX ကုမ္မဏီက ဘယ်သူလဲဆိုတာသိရပြီ
""ဘယ်သူလဲ"
"ဉီးအဂ္ဂပါ"
"ဘာ အဲ့ကြောင့်သူငါ့ကိုလာစရဲတာကို ဉီးဂုဏ်ရည်အခြေအနေ"
"ပုံမှန်ပါပဲ လုပ်ငန်းချဲ့ဖို့တော့လုပ်နေတယ်"
"ဆက်စုံစမ်းထားပါ"
"Yes...boss"
"ငါအပြင်သွားမယ် မင်းကျန်ခဲ့"
"ဟုတ်"
အံဆွဲထဲက ဓာတ်ပုံအချို့ကိုထုတ်ကာ သူထွက်လာခဲ့သည်။ ချစ်ခဲ့ရသူရဲ့ coffeeဆိုင်လေးကိုပေါ့။
အလှပဆုံးပြုံးကာ စားသုံးသူတွေကို အကောင်းဆုံးဧည့်ခံနေသည်။
ဆိုင်တံခါးလေးပွင့်သွားတော့ ပြုံးရယ်ကာ ဧည့်ခံနေသော မျက်နှာလေး ချက်ချင်းဆိုသလို ပြောင်းကာ တည်တံ့သွားသည်။
သူ့ဆီ တည့်တည့်လျောက်ကာ လှမ်းလာနေတဲ့
အတိတ်ကချစ်သူ မင်းမဟာမာန်ပင်။"ဘာများသုံးဆောင်မလဲဗျ"
"စကားပြောရအောင်"
"ဧည်သည် ဒီက၀န်ထမ်းတွေ တာ၀န်ချိန်မို့ ပြောလို့မရပါဘူး"
"ဘာလို့ပြောလို့မရတာလဲ ငါအခုပြောချင်တယ်"
သူမဟုတ်သလို ပြောင်းလဲနေတဲ့ သူကို ကျွန်တော် အံ့ဩမိလေရဲ့။
ဘာတွေများဒေါသထွက်နေတာလဲ။"ကောင်းပြီ "
သစ်ကိုသေချာကြည့်ကာ ရှေ့မှာ၀င်ထိုင်လိုက်ပြီး
ကြည့်လိုက်တော့ သူဘာမှမဖြစ်သလိုလုပ်နေသည်မို့ ပိုဒေါသတို့ဖြစ်စေသည်။