❤️ရင်ဘတ်ထဲက ကလေးငယ်❤️
အပိုင်း ၅၃
"အဲ့ကလေးလား မင်းမဟာမာန်ရဲ့ပျော့ကွက်က"
"ဟုတ်တယ် ကိုမာန်က သည်းသည််းလှုပ်လေ
အဲ့ကောင်လေးသာ လွန်းတို့အကွက်ထဲရောက်လာရင်
ကိုမာန်ကိုအသာလေးအနိုင်ယူရုံပဲ""မင်းအကြံမဆိုးဘူး သိပ်တော်တယ်လွန်း "
"ဒါဆို လွန်း ဆက်သွယ်ရမည့်အချိန်ကိုပြန်ပြောမယ်
ဉီးအဂ္ဂ""Ok"
"ကလေးငယ် ဒီနေ့ကုမ္မဏီလိုက္မလား ပျင်းနေမှာဆိုးလို့"
"လိုက်လို့ရလို့လား"
"အရင်ကတောင်လိုက်သေးတာပဲကလေးရယ် ကလေးကဘယ်သူလဲ ကိုကို့ရဲ့VIPလေးလေ ဘယ်သူမှမပြောရဲဘူး"
"အင်း လိုက္မယ်"
"လာ သွားမယ်"
ကားကိုကိုယ်တိုင်မောင်းရတော့သည်။ဘာလို့ဆို စိုင်းကိုရှေ့ပြေးအနေနဲ့လွှတ်ထားလိုက်လို့ ကုမ္မဏီမှာ ကလေးငယ်ကိုဘယ်သူမှ မထိပါးရဲအောင် သွား၍ပြင်ဆင်ခိုင်းထားတယ်လေ။
ကုမ္မဏီရောက်တယ်ဆိုရင်ပဲ ကိုကိုကကျွန်တော့်လက်ဆွဲကာ အထဲသို့၀င်သွားလေသည်။ ၀န်ထမ်းတွေကလည်း ကိုကို့ကိုတစ်ချက် အရိုသေပြုကာ ကိုယ့်အလုပ်ကိုပြန်လုပ်နေကြသည်။
"ကလေး ကိုကိုနည်းနည်းအလုပ်လုပ်အုန်းမယ်နော်"
"လုပ်ပါ ကျွန်တော့်အတွက်္မပူပါနဲ့"
ရုတ်တရက် ကိုကိုကျွန်တော့်အနားတိုးလာတယ် ဘာထဖြစ်တာလဲပေါ့
"ကိုကို ဘာမှာထားလဲ ကိုယ့်ကိုကိုယ် ဘာလိုသုံးရမလဲ မေ့နေပြီလား သတိရအောင်လုပ်ပေးရမှာပေါ့"
ကျွန်တော့်အပေါ်အုပ်မိုးကာ နှာခမ်းဖူးဖူးလေးကိုညင်သာစွာနမ်းရှိုက်နေသည်။
"ကိုကိုတော်ပြီ အခြားသူတွေ၀င်လာမှ "
"ဘယ်သူမှမ၀င်ရဲဘူး ကဲသိပြီနော် နောက်တခါမှားရင် ဒီလောက်နဲ့ကျေနပ်မှာမဟုတ်ဘူး"