Ep 06
Uni+Zaw
Uni
ပြင်းထန်သောနာကျင်မှုနှင့်အတူ တဆစ်ဆစ်ထိုးကိုက်နေသော ခေါင်းကဒဏ်ရာကြောင့်ဒေါင်းလွမ်းဏီ မျက်လုံးတို့တော်တော်နှင့်မဖွင့်နိုင်။စိတ်ဝိဥာဥ်နှင့် ခန္ဓာမည်မျှကြာအောင် ကင်းကွာသွားသည်မသိ။သိတစ်ချက် မေ့တစ်ချက်နှင့် ခပ်ရေးရေးမျှပြန်လည်သတိကပ်လာချိန်တွင် ပထမဆုံးခံစားရသည်က အလွန်အမင်းနာကျင်ကိုက်ခဲမှုများ။ခေါင်းကဒဏ်ရာကြောင့်ဖြစ်မည်။
ထို့နောက် သူသတိမထားမိတာက သူ့တစ်ကိုယ်လုံးနည်းနည်းလေးတောင်လှုပ်ရှားမရခြင်းဖြစ်သည်။အချိန်အတော်ကြာသည်အထိ မလှုပ်မယှက်ဘဲ နာကျင်မှုကိုအံကြိတ်ခံစားနေရင်းနဲ့မှ ဖြေးဖြေးချင်းမျက်လုံးဖွင့်ကြည့်ရသည်။သို့ပေမယ့် မှောင်မဲနေသော အမှောင်ထုနှင့်အတူဘာမှမမြင်ရ။သူ့မျက်လုံးတွင် အဝတ်ထူထူတစ်ခုစည်းနှောင်ထားလေသည်။
ခန္ဓာကိုယ်အနေထားသည် ကြမ်းပြင်တွင်လဲလျောင်းလျှက်ရှိပြီး ခြေထောက်၊လက် အပါအဝင် သူ့တစ်ကိုယ်လုံး ကြိုးများဖြင့်ရစ်ပတ်ချည်နှောင်ထားမှန်း ဒေါင်းလွမ်းဏီ ခံစားသိ သိလိုက်သည်။ရုတ်ချည်းထိတ်လန့်သွားမှုနှင့်အတူ အော်ဟစ်အကူညီတောင်းဖို့ကြိုးစားကြည့်ပေမယ့် ပါးစပ်ထဲတွင် ပြွတ်သိပ်ထိုးထည့်ထားသော အဝတ်စများကြောင့် ဘာသံမှမထွက်ဘဲရှိသည်။
မှောင်မဲနေသောအခန်းသည် အလုံပိတ်ထားသောကြောင့် အသက်ရှုမဝ။ပူအိုက်မှုကြောင့် ချွေးများလည်းရွှဲနေသည်။ပင်ပန်းမောဟိုက်မှု၊ နာကျင်ကိုက်ခဲမှု၊ ကြောက်ရွံ့တုန်လှုပ်မှုတွေနှင့် အမှောင်ထုထဲတွင် ဒေါင်းလွမ်းဏီ အချိန်အတော်ကြာဖြတ်ကျော်ပြီးနောက် ခြေသံတစ်စုံကို တိုးသဲ့သဲ့ကြားလိုက်ရသည်။
' ကျွီ '
တံခါးဖွင့်သံနှင့်အတူ ဖြေးဖြေးမှန်မှန်လျှောက်လာသောခြေသံ။ဘာ့ကြောင့်ရယ်မသိ အန္တရာယ်အငွေ့သက်ကို ခံစားမိလိုက်ပြီး ဒေါင်းလွမ်းဏီ တတ်နိုင်သမျှ ရုန်းကန်နေပုံမှာ တွားသွားသတ္တဝါတစ်ကောင် လိုတွန့်လိမ်နေသည်။တစ်ကိုယ်လုံးကြိုးတုပ်ခံထားရ၍ သူ၏ရုန်းကန်မှုမှာ အချည်းနှီးသာ။ခြေသံသည် သူ့အနားကိုတဖြေးဖြေးတိုးကပ်လာပြီး အနီးကပ်ဆုံးရောက်ချိန်တွင် ရပ်တန့်သွားသည်။ကြောက်စိတ်နှင့်အတူ ဒေါင်းလွမ်းဏီ တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။

YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...