Ep 34

1.6K 100 5
                                    

Ep 34

☘️☘️ ဒီအပိုင်းကစပြီး Ep 21 ၏ အဆက်ပါနော်။လက်ရှိအချိန်ကိုပြန်ရောက်သွားပါပြီ။ ဒီအပိုင်းကစပြီး သခင်ကြီးက ဒေါင်းလွမ်းဏီကို 'ဒိလုံခ' လို့ပဲခေါ်တော့မှာပါ(အတိတ်ဖြစ်ရပ်တွေမှတ်မိသွားပြီမလို့ပါ) ။ ဒါပေမဲ့ pov တွေ ရေးတဲ့အခါ ဒေါင်းလွမ်းဏီလို့ သုံးမှာပါရှင်။မရှင်းတာရှိရင် မေးလို့ရပါတယ်ရှင်။ ☘️☘️

Uni+Zaw

" ခင်ဗျား.....ခင်ဗျား!! "

" ထီ..... ထီရာဇ် "

" စပ်ခေါင်ထီရာဇ် "

သူ့နာမည်အား တစ်လုံးချင်းပီပီသသ ခေါ်လိုက်သောဒေါင်းလွမ်းဏီကြောင့် အံ့သြထိတ်လန့်မှုနှင့်အတူ စပ်ခေါင်ထီရာဇ်တစ်ကိုယ်လုံး တောင့်တင်းအေးစက်သွားရသည်။သူ၏ အမည်နာမအား တခြားတစ်ယောက်ဆီကနေ မကြားရတာတောင် နှစ်ပေါင်းများစွာကြာခဲ့လေပြီ။

" ဟုတ်တယ်!! ခင်ဗျားက စပ်ခေါင်ထီရာဇ်ပဲ!! "

သူ့အား ယခုလိုမျိုး လေးစားသမှုအသုံးအနှုန်းတို့တို့မပါဘဲ နာမည်အပြည့်အစုံခေါ်ရဲတဲ့သူဟူ၍ ၎င်းတစ်ယောက်သာရှိသည်။မယ်တော်နဲ့ခမည်းတော်တောင် ထိုကဲ့သို့ခေါ်သည်မဟုတ်ပေ။

" မင်း.... မင်း.... ဒိလုံခ "

" ဟုတ်တယ်! ကျုပ် 'ဒိလုံခ' ပဲ! ခင်ဗျားက မကောင်းဆိုးဝါး!! ကျုပ်ညီမကိုသတ်တဲ့ လူသတ်ကောင်။ စပ်ခေါင်ထီရာဇ်!! "

အတိတ်ဘဝက ဖြစ်ရပ်အကြောင်းအရာများအားလုံးကိုတစ်ခဏအတွင်း ပြန်လည်မှတ်မိသွားချိန် ဒေါင်းလွမ်းဏီအတွက်လက်ခံဖို့ရာ
သိပ်ကိုခဲယဥ်းလွန်းသည်။ကြောက်ရွံ့မှု၊ နာကျည်းမုန်းတီးမှု၊ စက်ဆုပ်ရွံရှာမှု၊ တန်ပြန်လက်စားချေလိုစိတ်တွေရဲ့ ပြင်းထန်မှုက ဒေါင်းလွမ်းဏီအားနေရာတွင်ပင်ရူးသွပ်သွားစေနိုင်သည်။သွေးများပွက်ပွက်ဆူလာပြီး အဆမတန်လှုပ်ရှားလာသောနှလုံးခုန်သံကြောင့် တစ်ကိုယ်လုံးအေးစက်တောင့်တင်းပြီး အံ့သြထိတ်လန့်မှုကြောင့်မလှုပ်ရှားနိုင်ဖြစ်နေ၏။ထိုအရာကိုအခွင့်ကောင်းယူပြီး စပ်ခေါင်ထီရာဇ်သည် ဒေါင်းလွမ်းဏီ၏ ကုပ်ပိုးကို ရိုက်ချလိုက်လေသည်။

သခင်ကြီးနှင့်စံအိမ်တော်Donde viven las historias. Descúbrelo ahora