(18+ Warning)‼️‼️
Ep 31
Uni+Zaw
တစ်နေကုန်ကြားနေရသောစကားများက ဒိလုံခအားဒေါသမီးများတမြေ့မြေ့လောင်ကျွမ်းစေသည်။
" မျိုးရိုးစဥ်ဆက်ချမ်းသာတဲ့ ရတနာကုန်သည်တွေတဲ့ "
" သခင်ကြီးတို့နဲ့လည်း ဟိုးအရင်ကတည်းကရင်းနှီးသိကျွမ်းကြတာလို့ပြောတယ် "
" ကျက်သရေရှိပြီးလှလိုက်တာ... သခင်လေးထီရာဇ်နဲ့လိုက်ဖက်ပါဘိ "
စံအိမ်တော်ရှိ အစေခံများ၏တီးတိုးစကားသံများကိုမကြားချင်တော့၍ ခပ်ဝေးဝေးတစ်နေရာကိုအမြန်ပြေးထွက်လာမိသည်။ဒေါသစိတ်နှင့်အတူ ရင်ထဲတွင်တဆစ်ဆစ်နာကျင်ရသည်။သူကရော......။
သူနဲ့သခင်လေးရဲ့ပတ်သက်မှုကရော.....။အသုံးတော်ခံသက်သက်ပဲလား။ဒီလောက်ထိ စိတ်ရောခန္ဓာရော ပုံအောခဲ့ပြီးမှ....။
တောက်! ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့နာကျည်းမိသည်။ယောက်ျားတန်မဲ့ စပ်ခေါင်ထီရာဇ်နှင့်ပြုမူမိသမျှကိုလည်း နောင်တရမိသည်။တစ်ဆက်တည်းမှာပဲ ဝမ်းနည်းနာကျင်မိသည်။နောက်ထပ်ခံရခက်သည့်အကြောင်းက အခုမှတွေ့ဖူးသည့်တိုင် ထီအာလေးသည် ထိုမိန်းကလေးနှင့်ရင်းရင်းနှီးနှီးရှိလှသည်။ဒိလုံခအတွက် သူ့နေရာကပျောက်ဆုံးသွားသလိုပင်။
" ဘာတွေငိုင်နေတာလဲ ခခ "
လှည့်ကြည့်လိုက်တော့ ကိုယ်ရံတော်အဖွဲ့မှ 'ဒီပ' ဆိုသူ။
" ဘာမှမဟုတ်ပါဘူး ကိုဒီပ "
ခဏ တိတ်ဆိတ်သွားလေသည်။
" ဟိုလေ "
" အင်း ပြောလေ ခခ "
" စံအိမ်တော်ကိုခုရောက်နေတဲ့မိန်းကလေးနဲ့ သခင်လေးက မကြာခင်လက်ထပ်ထိမ်းမြားကြတော့မှာပေါ့ဟုတ်လား "
" ဟုတ်တယ် ခခ။ အရင်ကတည်းကသဘောတူထားကြတာလေ။ "
ကမ္ဘာကြီးတစ်ခုလုံးချာချာလည်အမှောင်ကျသွားသလိုပင်။ဒါဆို.... တစ်ချိန်ကျလက်ထပ်ထိမ်းမြားရမဲ့သူရှိလျှက်နဲ့ သူ့ကိုစိတ်ပျော်စရာအသစ်အဆန်းအဖြစ်အသုံးချခဲ့တာလား။ခန္ဓာကိုယ်တစ်ခုလုံး သွေးများပြောင်းပြန်စီးသလို အသားတွေတဆတ်ဆတ်တုန်ယင်လာရသည်။

YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...